နောင်တရား၌ အဝီစိတွင်းတူးဖော် ရေသွင်းစိုက်ပျိုးသည့် စနစ် တွင်ကျယ်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တရား၌ အဝီစိတွင်းတူးဖော် ရေသွင်းစိုက်ပျိုးသည့် စနစ် တွင်ကျယ်လာ

ခွန်အောင်(နောင်တရား)

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေး လုပ်ငန်းများတွင် အဝီစိတွင်းရေ တူးဖော်၍ ရေသွင်းစိုက်ပျိုးသည့် စနစ်ကို ပိုမိုတွင်ကျယ်စွာ စိုက်ပျိုးလာကြကြောင်း သိရသည်။

.


လူဦးရေနဲ့ မြေယာက မမျှတော့ဘူး ဒီမှာတော့ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး စိုက်ပျိုးရေးလုပ်ငန်း လုပ်တယ်အဝီစိတူးလို့ မရတဲ့ နေရာမှာတော့ မိုးရေကို အားကိုးတယ်အဝီစိတွင်း တူးလို့ရတဲ့ နေရာဆိုရင် တူးပြီး နွေရာသီမှာ အာလူးနဲ့ အခြားကုန်စိမ်းတွေ စိုက်တယ် မိုးကိုပဲ အားကိုးနေလို့ မရတော့ဘူးဟု အဝီစိတွင်း တူးဖော်၍ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် တောင်သူတစ်ဦးက ပြောသည်။

.

နောင်တရားမြို့ ပတ်ဝန်းကျင် လယ်ယာမြေများတွင် ယခင်က နောင်တရားချောင်းကို အားပြု၍ နွေရာသီ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ အဆိုပါချောင်းမှာ ရေခန်းခြောက်လျက်ရှိသောကြောင့် အဝီစိတွင်းရေ တူးဖော်ပြီး စိုက်ပျိုးသည့်စနစ်ကို အသုံးပြု၍ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလာကြခြင်း ဖြစ်သည်။

.


အဝီစိတွင်း တူးဖော်ရာတွင် ပေ ၃၀၀ အထိ တူးဖော်ရလေ့ ရှိပြီး တူးဖော်မှု လုပ်အားခအဖြစ် တစ်ပေလျှင် ငွေကျပ် ၃၀၀၀ နှုန်း ကျသင့်ကြောင်းနှင့် အဝီစိတွင်း တူးဖော်ရာ၌ ရေထွက်ရှိမှုမှာ နေရာဒေသအလိုက် အခြေအနေ မတူညီကြောင်း သိရသည်။

Journal Download

Photo of three cats