လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်

ငြိမ်းသူ

.

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းကျေးရွာမှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်နေကြောင်း သိရသည်။

.

ယင်းကုန်ထုတ်လမ်း အရှည်မှာ ၇၉၂၀ ပေ အကျယ် ၁၂ ပေ ရှိမည် ဖြစ်ကာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၇၅ ဒသမ ၂ သန်းဖြင့် တင်ဒါအောင်မြင်သော ကိုးကန့်စိုက်ပျိုးရေးကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးသွားပါက ရန်လုံကျိုင်းကျေးရွာအပါအဝင် တာ့လင်ကဲကျေးရွာ၊ ကျုံကျိုင်းကျေးရွာများရှိ  လယ်ယာမြေဧက ၁၀၀ကျော်မှ ထွက်ရှိသည့် လယ်ယာထွက်ကုန်များကို စျေးကွက်သို့အချိန်မီ ရောက်ရှိမည် ဖြစ်၍ ကျေးလက်နေ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း လောက်ကိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုးထံမှ သိရသည်။


Journal Download

Photo of three cats