နမ္မတူမြို့နယ် ဆန်ခါ၊ နမ့်ဆီလင်းကျေးရွာတို့၌ COVID-19 ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် ထောက်ပံ့မှုများ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ် ဆန်ခါ၊ နမ့်ဆီလင်းကျေးရွာတို့၌ COVID-19 ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် ထောက်ပံ့မှုများ ပြုလုပ်

□ စောဦး (ရတနာမြေ)

.



Christian Aid ၏ ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad) နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ဇန်နဝါရီလ ၁ ရက်၊ နံနက်ပိုင်းက နမ္မတူမြို့နယ် ဆန်ခါ၊ နမ့်ဆီလင်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

.

မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်၊ မနန်းအေးနွမ်းတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းအား မြန်မာဘာသာဖြင့် လည်းကောင်း၊ ရှမ်းဘာသာဖြင့် လည်းကောင်း ဟောပြောခဲ့ပြီး လက်သန့်စင်အောင် ဆေးကြောနည်းသရုပ်ပြကာ ရေမလိုလက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ၊ အသိပညာပေး ဗွီနိုင်းများနှင့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့​ကြောင်း သိရသည်။

.

ထို့အပြင် ကျေးရွာ တစ်ရွာချင်းစီအတွက် ခြေနင်းလက်ဆေးဘေစင် ၁ စုံ၊ Hand Speaker ၁ ခု၊ Memory Stick ၁ ခု၊ ရေမလို လက်သန့်ဆေးရည်များနှင့် လက်ဆေးဆပ်ပြာခဲ ၇၀၀ ခဲတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းထံမှ သိရသည်။

Journal Download

Photo of three cats