တပ်မတော်ထောက်ခံပွဲတွင် NLD အလံ ကိုင်ဆောင်ခဲ့သူ ၃ ဦးကို ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်အရေးယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တပ်မတော်ထောက်ခံပွဲတွင် NLD အလံ ကိုင်ဆောင်ခဲ့သူ ၃ ဦးကို ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်အရေးယူမည်

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ နောင်အင်ဘောလုံးကွင်းအတွင်း ပြုလုပ်ခဲ့သည့် တပ်မတော် ထောက်ခံပွဲအနီးသို့ NLD အလံကိုင်ဆောင်၍ လာရောက်ခဲ့သူ အမျိုးသားတစ်ဦးနှင့် အတူပါလာသူ အမျိုးသား ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို အေးသာယာနယ်မြေရဲစခန်းတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

“ငြိမ်းစုစီ ဥပဒေနဲ့ အရေးယူသွားမှာပါ” ဟု အေးသာယာနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်အား ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ဇန်နဝါရီလ ၂၂ ရက်က အေးသာယာမြို့၊ နောင်အင်ဘောလုံးကွင်းအတွင်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါထောက်ခံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူ လူငယ် ၃ ဦးမှ NLD အလံ ကိုင်ဆောင်၍ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ NLD အလံ ကိုင်ဆောင်မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲ စီစဉ်သူများနှင့် ယင်းလူငယ်အကြား အချင်း များမှု ဖြစ်ပွားခဲ့ပြီး အလံကိုင်ဆောင်သူ ဒေးဗစ်ရှမ်းလေးနှင့် အတူပါလာသူ ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခေါ်ဆောင်ကာ အမှုဖွင့်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တပ်မတော်ထောက်ခံ ဆန္ဒဖော်ထုတ်ပွဲကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးသန်းအောင် ဦးဆောင်၍ အင်အား ၂၉ ဦး၊ ဝန်းရံသူ ၂၀၀ ဦးခန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats