NLD ကိုယ်စားလှယ်အဖွဲ့ တောင်ကြီးတွင် ဒေသခံ တိုင်းရင်းသားပါတီများနှင့် ဆက်လက်တွေ့ဆုံနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NLD ကိုယ်စားလှယ်အဖွဲ့ တောင်ကြီးတွင် ဒေသခံ တိုင်းရင်းသားပါတီများနှင့် ဆက်လက်တွေ့ဆုံနေ

အောင်ဆန်းဝင်း

.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ အောင်မိုးညို ဦးဆောင်သော တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် ယနေ့ ဇန်နဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ NLD ပါတီ ရှမ်းပြည်နယ် ရုံးတွင် ဒေသခံ တိုင်းရင်းသားပါတီများနှင့် တစ်ပါတီချင်း သီးခြားစီ တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။

.

.

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယနေ့ ဇန်နဝါရီလ ၁၅ ရက်၊ နံနက်အစောပိုင်းက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ (SNDP) မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) တို့မှ ကိုယ်စားလှယ်များနှင့်လည်း ထပ်မံတွေ့ဆုံဆွေးနွေးသွားရန် ရှိနေကြောင်း သိရသည်။

.

ပါတီ CEC ရဲ့ ဆုံးဖြတ်ချက်နဲ့ လာတွေ့ခြင်းဖြစ်ပါတယ်။ အနာဂတ် နိုင်ငံရေးအတွက် ကျွန်တော်တို့ပါတီနဲ့ NLD ပါတီ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ ဆွေးနွေးတာဖြစ်ပါတယ်။ ပြည်သူလူထုတွေရဲ့ ဘဝမြှင့်တင်ဖို့ လိုအပ် နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စတာတွေကို ဆွေးနွေးခဲ့ပါတယ်။ ပြည်သူလူထု ဘဝလုံခြုံဖို့ လိုအပ်နေတဲ့ ရှမ်းပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းနောင့်က မီဒီယာများသို့ ပြောဆိုခဲ့သည်။

.

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) သည် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) နေရာ၌ ကိုယ်စားလှယ် တစ်နေရာ အနိုင်ရရှိထားသည်။

.

ဒေါက်တာ အောင်မိုးညို ဦးစီးသော NLD တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် တောင်ကြီးမြို့ရှိ NLD ပါတီ ရှမ်းပြည်နယ် ရုံးတွင် ဒေသခံ တိုင်းရင်းသားပါတီများနှင့် တစ်ပါတီချင်း သီးခြားစီ တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ပါတီမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်က ကယန်းအမျိုးသားပါတီ (KNP) မှ ကိုယ်စားလှယ်အဖွဲ့၊ တစ်သီးပုဂ္ဂလ အဖြစ်အနိုင် ရရှိထားသည့် ကချင်တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်တို့နှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats