ကမ္ဘောဇတိုင်း
.
ကယန်းအမျိုးသားပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ခွန်းတင်နု
ဦးစီးသော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ဇန်နဝါရီလ ၁၄ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊
NLD ပါတီရုံးတွင် NLD ဗဟိုအလုပ်အမှုဆောင်
အဖွဲ့ဝင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်
တွေ့ဆုံ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
.
.ထိုသို့ ဆွေးနွေးရာတွင် ကယန်းအမျိုးသားပါတီမှ ခွန်းတင်နု
အပါအဝင် ၃ ဦး တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်
ဒေါ်နန်းခင်ထွေးမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန် တို့ တက်ရောက်လျက်ရှိကြောင်း
သိရသည်။
.
ဒေါက်တာ အောင်မိုးညို ဦးစီးသော NLD တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပါတီများနှင့်
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
ပါတီ (PNO)၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ပါတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
ကယန်းအမျိုးသားပါတီသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက
ရှမ်းပြည်နယ်တွင် ကယန်း တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် တစ်နေရာ အနိုင်ရရှိထားသည့်
တိုင်းရင်းသားပါတီတစ်ခုဖြစ်သည်။
.
#KBZTai #Shan #News #NLD #KNP
.
No comments:
Post a Comment