ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီများနှင့်
တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်
ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် တောင်ကြီးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
.
.
“ဒီနေ့ ရောက်ပြီလို့ သိရပါတယ်။ ရှမ်းပြည်နယ်မှာရှိတဲ့
တိုင်းရင်းသားပါတီတွေ၊ အဓိက ကတော့ ၂၀၂၀ ရွေးကောက်ပွဲ မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ပါတီတွေနဲ့ တွေ့ဖို့ရှိတယ်လို့ သိရပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းလတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ယင်းပါတီမှ ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့
အတွင်းရေးမှူး ဦးမောင်မောင်စိန်ကလည်း “တွေ့တာ ကတော့ NLD ပါတီ
ပြည်နယ်ရုံးမှာပဲ တွေ့မှာပါ။ ဒေသအခြေစိုက် တိုင်းရင်းသားပါတီတွေနဲ့ တွေ့မှာပါ။ ဒီနေ့လည်း
တွေ့ဖို့ရှိတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး” ဟု ပြောဆိုခဲ့သည်။
.
NLD ပါတီ ဗဟိုကော်မတီဝင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာအောင်မိုးညို ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့်
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်ပြီး ကချင်ပြည်နယ်တစ်ခုတွင်သာ ဆွေးနွေးမှု
အဆင်ပြေခဲ့ကာ မွန်ပြည်နယ်ခရီးစဉ်တွင်လည်းကောင်း၊ ကယားပြည်နယ် ခရီးစဉ်တွင်လည်းကောင်း
နေရာရွေးချယ်မှုနှင့် ပတ်သက်၍ အဆင်မပြေသည့်အတွက် ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ရ ကြောင်း
သိရသည်။
.
အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် ရွေးကောက်ပွဲအပြီး ၄ ရက်အကြာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂
ရက်က တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီသို့ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ယင်း
အကြောင်း ကြားစာတွင် လူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်
NLD အနေဖြင့် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
.
အဆိုပါ စာပေးပို့ထားပြီး တစ်လအကြာတွင် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန်
NLD က ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို
ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
.
#KBZTai #Shan #News #NLD #KoSoe
.