NLD ၏ တိုင်းရင်းသား စည်းလုံးညီညွတ်​ရေး ​ဆောင်ရွက်မှုကို ပူးတွဲ​ဆောင်ရွက်မည်ဟု WNP ​ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NLD ၏ တိုင်းရင်းသား စည်းလုံးညီညွတ်​ရေး ​ဆောင်ရွက်မှုကို ပူးတွဲ​ဆောင်ရွက်မည်ဟု WNP ​ပြော

အောင်ဆန်းဝင်း

.

NLD ၏ တိုင်းရင်းသား စည်းလုံးညီညွတ်​ရေး ​ဆောင်ရွက်မှုများကို ပူးတွဲ​ဆောင်ရွက်မည်ဖြစ်ကြောင်း “ဝ” အမျိုးသားပါတီ (WNP) ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် က ပြောဆိုခဲ့သည်။

.

.

“ဝ”အမျိုးသားပါတီ (WNP) ဥက္ကဋ္ဌနှင့် အဖွဲ့သည် ယနေ့ ဇန်နဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ကံရှေ့ ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရှမ်းပြည်နယ်ရုံးတွင် ဒေါက်တာ အောင်မိုးညို ဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆွေး‌နွေးပွဲအပြီးတွင် ဦးဆိုင်ပေါင်းနပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

NLD ကနေ ဦးဆောင်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိစ္စကို ကျွန်တော်တို့ ပူးတွဲပြီးတော့ ဆောင်ရွက်မယ်။ နောက်ပြီး ကျွန်တော်တို့ ဒေသရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးဖို့ တင်ပြခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ အခက်အ်ခဲကတော့ ကျွန်တော်တို့ ယေဘုယျပဲ ပြောရတယ်။ တကယ့်လက်တွေ့ ဆောင်ရွက်ရမယ့်ကိစ္စ ဘာတွေလဲလို့ ကျွန်တော်တို့ တင်ပြနိုင်တဲ့အခြေအနေလည်း မရှိဘူး။ အချိန်ကလည်း အကန့်အသတ်ရှိတဲ့အတွက် ယေဘုယျလောက်ပဲ ပြောလို့ ရတယ်။ “ဝ” တိုင်းရင်းသားတွေဟာ မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံး အစဉ်အဆက် မပြတ် ပါဝင်ဆောင်ရွက်နေရသလို ဒီကနေ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာလည်း “ဝ” တိုင်းရင်းသားတွေက ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်ခွင့် ရမယ်ဆိုရင် ပိုမိုပြီးတော့ ထိရောက်အောင်မြင်မှု ရမှာပါ” ဟု ၎င်းက ပြောသည်။

.

ဒေါက်တာ အောင်မိုးညို ဦးစီးသော NLD တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် တောင်ကြီးမြို့ရှိ NLD ပါတီ ရှမ်းပြည်နယ် ရုံးတွင် ဒေသခံ တိုင်းရင်းသားပါတီများနှင့် တစ်ပါတီချင်း သီးခြားစီ တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

.

“ဝ” အမျိုးသားပါတီ (WNP) သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်နေရာနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ အနိုင်ရရှိထားသည်။

.

Journal Download

Photo of three cats