ဒေါက်တာအောင်မိုးညို ဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့နှင့် PNO တို့ တောင်ကြီးတွင် တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒေါက်တာအောင်မိုးညို ဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့နှင့် PNO တို့ တောင်ကြီးတွင် တွေ့ဆုံ

အောင်ဆန်းဝင်း

.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ဦးဆောင်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် ယနေ့ ဇန်နဝါရီလ ၁၃ ရက်၊ ညနေ ၃ နာရီအချိန်မှ စတင်၍ တောင်ကြီးမြို့ရှိ NLD ပါတီ ပြည်နယ်ရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) မှ တာဝန်ရှိသူများနှင့်  တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။

.

.

ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင် နယ်စပ်၊ ဆီဆိုင်အထိ လာကြိုကြပါတယ်။ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ရှိပါမယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နဲ့လည်း တွေ့ဖို့ ကြိုးစားနေပါတယ်။ လာတွေ့မယ်လို့ မျှော်လင့်ပါတယ်။ အခြေအနေလည်း ကောင်းပါတယ်။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက မီဒီယာများသို့ ပြောဆိုခဲ့သည်။

.

လက်ရှိတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) မှ တာဝန်ရှိသူများနှင့် ဆွေးနွေးနေခြင်းဖြစ်ပြီး ညနေ ၄ နာရီခွဲ အချိန်တွင် တအာင်း (ပလောင်) အမျိုးသားပါတီမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန် ရှိနေကြောင်း သိရသည်။

.

NLD ပါတီ ဗဟိုကော်မတီဝင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ် ကြောင်း သိရသည်။

.

#KBZTai #Shan #News #NLD #AungSunWin

.

 

Journal Download

Photo of three cats