ကမ္ဘောဇတိုင်း
.
နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-မန့်ဝိန်းကြီးသွားကားလမ်းတွင် ယမန်နေ့ ဇန်နဝါရီလ
၂၈ ရက်၊ နေ့လယ်ပိုင်း က စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ကျော်အား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ
ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
သတင်းအရ ဇန်နဝါရီလ ၂၈ ရက်၊ နေ့လယ် ၁၁ နာရီခွဲအချိန်က သက်သေများနှင့်အတူ နမ့်ခမ်းမြို့နယ်၊
နမ့်ခမ်း-မန့်ဝိန်းကြီး သွားကားလမ်း၊ ရွှေလီကြိုးတံတားအနီးတွင် နမ့်ခမ်းမြို့ဘက်မှ
ရွှေလီကြိုးတံတား ဘက်သို့ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးကျေးရွာနေ
ဂွန်းဆန့် မောင်းနှင်ပြီး မံစီမြို့နယ်၊ ခပရာကျေးရွာနေ တူးအောင် (ခ) မရမ်တူးအောင် စီးနင်းလိုက်ပါလာသော
မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြား
တွင်တင်ဆောင်လာသောကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀၀ ပြား၊ ဒေသကာလပေါက်စျေး
တန်ဖိုးငွေကျပ် ၄၂၀ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ၂ ဦးအား
နမ့်ခမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး
ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment