မောင်ခိုင် (ကျေးသီး)
.
လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၇ ခုမှ
ကျေးရွာ ၂၉၇ ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျာမဏီဖွံ့ဖြိုးရေးဘဏ်
(KFW) တို့ ပူးပေါင်း၍ တစ်အိမ်သုံး ဆိုလာများ တပ်ဆင်ပေးလျက်ရှိကြောင်း
သိရသည်။
.
.
ထိုသို့ တပ်ဆင်ပေးရာတွင် မြို့နယ် ၇ ခုမှ ကျေးရွာပေါင်း
၂၉၇ ရွာ၌ တစ်အိမ်သုံးဆိုလာစနစ် ၆၀ ဝပ် ၆၃၆၃ လုံး၊ ၁၀၀ ဝပ် ၂၆၃၆ လုံး နှင့် အများပြည်သူပိုင်
နေရာများဖြစ်သော လမ်းမီးတိုင် ၁၀၉၅ တိုင်၊ စာသင်ကျောင်း ၁၃၇ ကျောင်း၊ ဆေးပေးခန်း
၂၃ ခန်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦ ၁၆၇ လုံးတို့ကို တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
.
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျာမဏီ ဖွံ့ဖြိုးရေးဘဏ် (KFW) အဖွဲ့တို့ ပူးပေါင်း၍ ပြည်သူထည့်ဝင်ငွေများဖြင့် အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း
(NEP) အရ ယင်းကဲ့သို့ တစ်အိမ်သုံးဆိုလာများ တပ်ဆင်ပေးနေခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ စီမံကိန်းအရ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊
မတ်ကျန်း (၁) ကျေးရွာတွင် တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင် နေမှု ကို ဇန်နဝါရီလ ၁၁ ရက်၊
နံနက်ပိုင်းက လွိုင်လင် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ခေတ္တ ခရိုင်ဦးစီးမှူး
ဦးဇေယျာမင်း လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ)နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု
စစ်ဆေးခဲ့ပြီး ကျေးရွာ မီးလင်းရေး ကော်မတီဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
.