​ကျိုင်းတုံ-မိုင်းခုတ်လမ်းတွင် ကားမှောက်သဖြင့် ကျိုင်းတုံတက္ကသိုလ်မှ ဆရာမ ၃ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​ကျိုင်းတုံ-မိုင်းခုတ်လမ်းတွင် ကားမှောက်သဖြင့် ကျိုင်းတုံတက္ကသိုလ်မှ ဆရာမ ၃ ဦး သေဆုံး

□ မင်းဇော်မင်း

.


ကျိုင်းတုံ-မိုင်းခုတ်လမ်းတွင် ရေပူစမ်း လမ်းခွဲတွင် ကားတစ်စီး ဇန်နဝါရီလ ၃၁ ရက်၊ ​နေ့လယ်ပိုင်းက ဘရိတ်ပေါက်ကာ တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါ ဆရာမ ၃ ဦး သေဆုံးသွားကြောင်း သိရသည်။

.

ကျိုင်းတုံမြို့ မှ မိုင်းခုတ်ဘက်သို့ သွားသည့် လမ်းရေပူစမ်း လမ်းခွဲတွင် မော်တော်ယာဉ် ဘရိတ်ပေါက်ကာ လမ်းဘေး သစ်ပင်သို့ ဝင်တိုက်ကာ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ၁၀ ဦးအနက် ဆရာမ ၃ ဦး သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

.

" တိုင်းနေ နာရေးအသင်းယာဉ်နဲ့အတူ အားလုံးကို ဆေးရုံ သယ်ဆောင်ပေးပါတယ်၊ ဘရိတ်ပေါက်တာ။" ဟု အခင်းဖြစ်ရပ်သို့ သွားရောက်ကူညီခဲ့သူ ကျိုင်းတုံမြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ကျိုင်းတုံတက္ကသိုလ် သတ္တဗေဒဌာနမှ ဒေါက်တာ ခင်မင်းမင်းထွန်း၊ ဒေါက်တာ လဲ့လဲ့ခိုင်၊ ဒေါက်တာ နီလာစိုး တို့ သေဆုံးခဲ့ရကာ ကျန်သူများမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats