မိုင်းယုတွင် တံမြက်စည်းပင်များ စတင်ခုတ်ယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယုတွင် တံမြက်စည်းပင်များ စတင်ခုတ်ယူ

ကိုကိုနိုင် (မိုင်းယု)

.

တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်နှင့် ဝမ်ပေါ့ကျေးရွာအနီးတွင် နေထိုင်ကြသော ဒေသခံတောင်သူများမှ မိသားစု အပိုဝင်ငွေရရှိရန်အတွက် တံမြက်စည်းပင်များကို စတင်ခုတ်ယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

.

.

တံမြက်စည်းပင်များသည် တောင်ပေါ်ဒေသ အမြဲစိမ်းသစ်တောများတွင် နေရာကွက်ကြား၍ အလေ့ကျ ပေါက်ရောက် လေ့ရှိပြီး ကျူပင်နှင့် သဏ္ဌာန်တူကာ ဆောင်းရာသီကာလတွင် တံမြက်စည်းပွင့်ခိုင်များ ထွက်လေ့ရှိသဖြင့် စတင် ခုတ်ယူနေကြခြင်းဖြစ်ကြောင်း သိရသည်။

.

မိုင်းယုဒေသနေ ကျေးလက်တောင်သူများသည် တောတောင်များသို့ သွားရောက်ကာ တံမြက်စည်းပင် ရှာဖွေခုတ်ယူ ခြင်းဖြင့် သော်လည်းကောင်း၊ တောင်ယာပြန်ချိန်၌ တစ်ပိုင်တစ်နိုင် ခုတ်ယူသယ်ဆောင်ခြင်းဖြင့်သော်လည်းကောင်း ရှာဖွေစုဆောင်းပြီး ခုတ်ယူရရှိလာသော တံမြက်စည်းပွင့်ခိုင် အစိုများအား ကွင်းပြင်တွင် ၁၀ ရက်ခန့် နေလှန်းကာ ဒေသတွင်း ကုန်သည်များထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြလေ့ရှိကြပြီး အချို့မှာ တံမြက်စည်းပွင့်ခိုင်အခြောက် ချွေကာ တံမြက်စည်းအချောပြုလုပ် ရောင်းချကြကြောင်း သိရသည်။

.

ထိုသို့ ရောင်းချရာတွင် ကုန်ကြမ်း တံမြက်စည်းပွင့်ခိုင်အခြောက် တစ်ကီလိုလျှင် ၅၀၀ ကျပ် ရရှိပြီး တံမြက်စည်း အချောထည် တစ်ချောင်းလျှင် ၅၀၀ ကျပ် ရရှိကြောင်း သိရသည်။

.

ပြီးခဲ့သည့် နှစ်များက တစ်ရက်လျှင် တံမြက်စည်းပွင့်ခိုင်အစို တစ်ရက်လျှင် ကီလို ၄၀ မှ ၅၀ အထိ ရှာဖွေခုတ်ယူရရှိခဲ့ ပြီး ခုတ်ယူရရှိလာသော တံမြက်စည်းပင်မှ အရွက်ကို ရိုးရာ ကောက်ညှင်းထုပ် ပြုလုပ်ရာတွင် အောက်ခံဖက် အဖြစ်အသုံးပြုကြကြောင်း သိရသည်။

.

အဆိုပါ တံမြက်စည်းလုပ်ငန်းများကို မိုင်းယောင်းမြို့နယ်ရှိ ဟွေ့ထမ်းကျေးရွာ၊ မိုင်းယုမြို့၊ ဝမ်တာကြန့်ကျေးရွာ၊ ကော်ဆမ်မိန်းနှင့် ဝမ်ပေါ့ကျေးရွာများတွင် အများဆုံးလုပ်ကိုင်လေ့ရှိကြကြောင်း သိရသည်။

.

Journal Download

Photo of three cats