မိုင်းယောင်းတွင် ဝဥ စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် ဝဥ စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်

စိုင်းအောင်ဇော်လင်း

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဈေးကွက်အလားအလာရှိပြီး ဈေးကောင်းရရှိနိုင်သည့် ချင်းပြည်နယ်ထွက် ဝဥများ စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

.

“ကျွန်တော်တို့ မိုင်းယောင်း ရာသီဥတု၊ ရေမြေနဲ့ ကိုက်ညီမယ့် ဈေးကွက်အတွင်း အရောင်းအဝယ် အလားအလာရှိပြီး ဈေးကောင်းလည်း ရရှိနိုင်တဲ့ ချင်းပြည်နယ်က ဝဥ ရွက်သီးတွေ မှာယူရောက်ရှိနေပါပြီ။ ဒေသခံတောင်သူ ၃ ဦးက စမ်းသပ်စိုက်ပျိုးဖို့ စတင်ဆောင်ရွက်နေပါပြီ။ အကယ်၍ စိုက်ပျိုးလို့ အောင်မြင်ဖြစ်ထွန်းပြီး အလားအလာကောင်းရင် လာမယ့်နှစ်မှာ တိုးချဲ့စိုက်ပျိုးသွားဖို့ တောင်သူတွေ စောင့်ကြည့်နေပါတယ်။ တောင်သူအများစုကလည်း စိတ်ဝင်စား နေကြပါတယ်။ လာရောက်စုံစမ်းမေးမြန်းတာတွေလည်း ရှိပါတယ်”ဟု မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။

.

မိုင်းယောင်းမြို့နယ်အတွင်း ဒေသခံတောင်သူများ ဝဥတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဝဥ စိုက်ပျိုးနည်းများဖြစ်သော ရာသီဥတု၊ မြေအမျိုးအစား၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးနည်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

ဝဥသည် အကျယ် ၆ လက်မပတ်လည်၊ အနက် ၆ လက်မ စိုက်ကျင်းပြင်ပြီး ကျင်းအတွင်း မြေဆွေးခံ၍ ၄ လက်မမှ ၅ လက်မ အနက်တွင် စိုက်ပျိုးရပြီး မိုးဦးရာသီ မေလတွင် စတင်စိုက်ပျိုးသင့်ကြောင်း သိရသည်။

.

Journal Download

Photo of three cats