အားချာ
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့်
ခရမ်းချဉ်သီးများ အထွက်ကောင်းပြီး ဖြစ်ထွန်း အောင်မြင်လျက်ရှိကြောင်း သိရသည်။
.
.“COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလမှာ
တောင်သူတွေအနေနဲ့ ဟင်းသီးဟင်းရွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုး နိုင်ရေးအတွက် မျိုးစေ့ဖြန့်ဝေတာ၊
ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့ နေရာတွေအထိ ကွင်းဆင်းသွားရောက်ပြီး အသိပညာ ပေးတာတွေကို
စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်” ဟု မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး
ဦးကျော်ကျော်မိုးက ပြောသည်။
.
စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် Farmer
to Farmer အစီအစဉ်အရ မိသားစု တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် စိုက်ပျိုးနိုင်
သည်အထိ ရည်ရွယ်ပြီး စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ ပိုးမွှားရောဂါ ကာကွယ်နည်းများ၊
အစားအစာ ဘေးကင်း လုံခြုံရေးအတွက် ပိုးသတ်ဆေးသုံးစွဲနည်းများကို တောင်သူများအား အသိပညာပေးလျက်ရှိကြောင်း
၎င်းကဆက်လက် ပြောဆိုခဲ့သည်။
.
မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာနေ
တောင်သူအချို့သည် ယခင်နှစ်များက ကြက်သွန်ဖြူနှင့် သခွားကိုသာ အဓိကထား စိုက်ပျိုးခဲ့ရာမှ
ယခုနှစ်တွင် ခရမ်းချဉ်ကို တစ်ပိုင်တစ်နိုင် တိုးချဲ့စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
.