မိုင်းယောင်း၌ ပဲပုပ်ရောင်းအား ကောင်းသည့်အပြင် ဈေးကောင်း ရနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်း၌ ပဲပုပ်ရောင်းအား ကောင်းသည့်အပြင် ဈေးကောင်း ရနေ

စိုင်းအောင်ဇော်လင်း

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပဲပုပ်ရောင်းအား ကောင်းနေသည့်အပြင် စျေးကောင်းလည်း ရနေသောကြောင့် ပဲပုပ်စိုက်တောင်သူနှင့် ပဲပုပ်ပြုလုပ် ရောင်းချသူများ အဆင်ပြေနေကြောင်း ပဲပုပ်ပြုလုပ်ရောင်းချသူ တစ်ဦးထံမှ သိရသည်။

.

.

ယခုအခါ COVID-19 ရောဂါကာကွယ်ရေး သတိပြုလိုက်နာရန် အချက်များနှင့်အညီ အနယ်နယ် အရပ်ရပ်က ဘုရားဖူး ဧည့်သည်များ၊ ထပ်လုံ၊ ရွှေညောင်ပင်၊ ဈာန်ရကိုရင်ကြီးတောရကျောင်း စသည့် တန်ခိုးကြီးဘုရား လာရောက် ဖူးမြော် သူများ ရှိနေပြီး အပြန်လက်ဆောင်အဖြစ် မိုင်းယောင်းပဲပုပ်ကို ဝယ်ယူကြသဖြင့် ယင်းကဲ့သို့ ရောင်းအား ကောင်း၍ ဈေးကောင်း ရနေခြင်း ဖြစ်ကြောင်း သိရသည်။

.

“ပဲပုပ်ကို မနှစ်က အနည်းငယ်သာ စိုက်ပျိုးပြီး အခု စျေးကောင်းလည်း ရနေတာကြောင့် ဒီနှစ် များများ တိုးချဲ့ စိုက်ပျိုးနေပါတယ်။”ဟု ပဲပုပ်စိုက်တောင်သူ တစ်ဦးက ပြောသည်။

.

ပဲပုပ်အစို၊ ပဲပုပ်အခြောက်၊ ပဲပုပ်စေ့များအား မိမိကြိုက်နှစ်သက်သလို အလွယ်တကူ အမျိုးမျိုး ပြုလုပ် စားသုံးနိုင်ပြီး မိုင်းယောင်းဒေသထွက် ပဲပုပ်ကို မိုင်းယောင်းဇာတိ ဖြစ်သော အခြားဒေသသို့ ရောက်ရှိနေသူများကလည်း မှာယူ နေမှုများ ရှိနေကြောင်းလည်း သိရသည်။

.

Journal Download

Photo of three cats