မိုင်းယောင်းတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရွေ့လျားစနစ်ဖြင့် ဈေးရောင်းချသူများ အဆင်ပြေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရွေ့လျားစနစ်ဖြင့် ဈေးရောင်းချသူများ အဆင်ပြေ

နန်းစီဖောင်း

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရွေ့လျားစနစ်ဖြင့် ရပ်ကွက်/ကျေးရွာများအရောင်း လှည့်လည်ဈေးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

.

.

“ကျွန်တော်တို့က မနက်စောစောထပြီး ဈေးမှာရောင်းချနေတဲ့ ဈေးကနေတစ်ဆင့် စားဖိုဆောင် ဟင်းသီးဟင်းရွက် တွေဖြစ်တဲ့ မုန်ညှင်း၊ နံနံ၊ ဆလပ်ရွက်နဲ့ တခြားသီးနှံတွေ၊ အသား၊ ငါးနဲ့ အသင့်စား သရေစာတွေဖြစ်တဲ့ ခေါက်ဆွဲ ကြော်၊ ကောက်ညှင်းပေါင်းတွေဝယ်ပြီး ဆိုင်ကယ်နဲ့ ရွာတွေကို လိုက်ရောင်းတာပါ။ အခု COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်းမှာ ပိုရောင်းရပါတယ်။ နေ့စဉ် ဝင်ငွေရနေလို့ မိသားစု စားဝတ်နေရေး အဆင်ပြေပါတယ်” ဟု ရွေ့လျားဈေးသည်တစ်ဦးက ပြောသည်။

.

မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများအား မလိုအပ်ဘဲ အပြင်မထွက်ရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ရန် တိုက်တွန်းနှိုးဆော်လျက်ရှိရာ ပြည်သူများအနေဖြင့် အဆိုပါရွေ့လျားဈေးသည်များထံမှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အသား၊ ငါးများကို အိမ်အရောက် ဝယ်ယူနိုင်သဖြင့် ဈေးသည်နှင့် ဈေးဝယ် နှစ်ဦးနှစ်ဘက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats