မိုင်းတုံမြို့နယ်၊ ဟွေအောကျေးရွာတွင် ပရိဝါသ်ဆောက်တည်နေသည့် သံဃာများအတွက် ဆွမ်းလာပို့သူ များကို "၀" တပ်ဖွဲ့က တားဆီးနေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံမြို့နယ်၊ ဟွေအောကျေးရွာတွင် ပရိဝါသ်ဆောက်တည်နေသည့် သံဃာများအတွက် ဆွမ်းလာပို့သူ များကို "၀" တပ်ဖွဲ့က တားဆီးနေဟု ဆို

စိုင်းသိင်္ခသူ

.

မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့အပိုင် ဟွေအောကျေးရွာတွင် မိုင်းဖုန်းဆရာတော် ဦးဆောင်တည်ထား​သော စေတီသစ်တွင် ပရိဝါသ်ဆောက်တည်နေသည့် သံဃာတော်များထံသို့ ဆွမ်းပို့လာသူများကို "၀" တပ်ဖွဲ့က ပိတ်ပင်တားဆီးမှုများ ပြုလုပ်နေကြောင်း သံဃာများ၏ မိန့်ကြားချက်အရ သိရသည်။

.

.

" ဘုရား တည်ထားပြီး သာသနာ့နယ်မြေ ဖြစ်ပါတယ်။ ၀ ရွာတွင်းလည်း မဟုတ်ပါ၊ ၀ တပ်တွင်းလည်း မဟုတ်ပါ။ သာသနာ့ နယ်မြေထဲတွင်သာ သံဃာတော်များကိစ္စပြုလုပ် ဆောင်ရွက်နေတာကို ဆွမ်းလောင်းလှူသောဒကာများ လိုအပ်ပါတယ်။ ဆွမ်းလောင်းသူများ အလှူရှင်များကို လွတ်လပ်စွာ ၀င်ထွက်နိုင်အောင် အဘက်ဘက်မှ ကူညီ ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။"ဟု ဆရာတော် တစ်ပါးက မိန့်သည်။

.

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ "၀" တောင်ပိုင်း စစ်ဒေသ(၁၇၁) မှ ဆက်ဆံရေးအဖွဲ့ဝင် အိုက်ပလိတ်အား ဆက်သွယ်​​ မေးမြန်းရာတွင် "ကိုဗစ် ရောဂါကြောင့် ကာကွယ် ထိန်းချုပ်တဲ့အနေနဲ့ လူ အရမ်းများမှာကို စိုးရိမ်လို့ ကန့်သတ်နေတာပါ၊ အစုလိုက် လာခွင့် ပြုထားပါတယ်၊ ခွင့်ပြုထားတာပဲလေ။"ဟု ပြောသည်။

.

သံဃာတော်များ၏ ပရိဝါသ်ဆောက်တည်မှုကို ဇန်န၀ါရီလ ၁၈ ရက်မှ စတင်၍ ၁၀ ရက်ကြာ ဆောက်တည်နေခြင်း ဖြစ်ပြီး ယနေ့တွင် ၃ ရက်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။

.

" သိရတာတော့ ၀ါးလုံးတန်းပြီး စေတီဘက်အ၀င်ကို ပိတ်ထားတယ်။ ၅ ယောက်ပဲ ၀င်ခွင့်ပြုတယ်လို့ ကြားတယ်။" ဟု ယင်းစေတီတည်ရှိရာ အနီး​နေ နားကောင်းမူးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

.

အဆိုပါ စေတီတော် စတင်တည်စဉ်ကလည်း "၀" တပ်ဖွဲ့မှ တားဆီးခဲ့​သော်လည်း ​နောက်ပိုင်းတွင် စေတီ တည်ထားမှု ပြီးမြောက်စေရန် အင်တိုက်အားတိုက် လုပ်အားပေး အလှူဒါနများ ပြုခဲ့ကာ စေတီတော် တည်ထားမှုမှာ ပြီးမြောက်၍ မိုင်းဖုန်းဆရာတော် မုံးကျက်ဂူမှ အဓိဋ္ဌာန်ထွက်ပြီးမှသာ ထီး​တော်တင်ရန် ရှိကြောင်းနှင့် ယခုတွင် မိုင်းတုံမြို့နယ်မှ သံဃာတော်များ စုစည်းကာ ပရိဝါသ် ပြုနေခြင်း ဖြစ်ကြောင်း သိရသည်။

.

COVID-19 ကာကွယ်၊ ထိန်းချုပ်​ရေးအတွက် လူ  ၂၉ ဦးအထက် စု​ဝေးခွင့်ကို ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနက ကန့်သတ် တားမြစ်ထားပြီး ကျန်းမာ​ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ​ဆောင်ရွက်သည့် ၂၉ ​ဦးအောက် စု​ဝေးမှုကို ခွင့်ပြုထားသည်။

.

Photo – Peace Power

.

Journal Download

Photo of three cats