မင်းဇော်မင်း
.
ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် မိုင်းဆတ်ခရိုင် တရားသူကြီးနှင့် မိုင်းတုံ၊ မိုင်းဆတ်မြို့နယ် တရားသူကြီးများ လိုက်ပါလျက် ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်က မိုင်းဆတ် ခရိုင်၊ မိုင်းတုံမြို့မရဲစခန်းအား ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
.
.ထိုသို့ စစ်ဆေးရာတွင် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ
ပုဒ်မ ၆၈ အရ အချုပ်ခန်းဝင်ဆံ့မှု မျှတမှု ရှိ/မရှိ၊ အမှုများ ကြန့်ကြာမှု ရှိ/မရှိ၊
အချုပ်သားများ၏ ကျန်းမာရေးအခြေအနေ၊ အချုပ်ခန်း ကောင်းမွန်ခိုင်လုံမှု၊ လေဝင်လေထွက်
ကောင်းမွန်မှု၊ အစား အသောက်နှင့် ရေရရှိမှုစသည်တို့ကို စစ်ဆေးပြီး တွေ့ရှိချက်များကို
မှတ်ပုံတင် ၃ (ခ)၊ (ဂ) တို့တွင် ရေးသွင်းခဲ့ကြောင်း သိရသည်။
.
“အချုပ်သားတွေ ရေမှန်မှန်ချိုးနိုင်ဖို့၊ ကျန်းမာရေး
ဂရုစိုက်ပေးဖို့ တွေကိုလည်း တရားသူကြီးချုပ်က မှာကြားခဲ့ပါတယ်” ဟု မိုင်းတုံမြို့မရဲစခန်းမှူး
ဒုရဲမှူး ကိုကိုဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့နောက် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်သည်
မိုင်းတုံမြို့မရဲစခန်းတွင် လိုအပ်သည်များ အသုံးပြု နိုင်ရန်အတွက် PPE ဝတ်စုံ ၅ စုံအား ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။
.