ကမ္ဘောဇတိုင်း
.
မူဆယ်မြို့နယ်တွင် ဇန်နဝါရီလ ၂၁ ရက်၊ ညနေပိုင်းက
တရားမဝင်သစ်များ တင်ဆောင်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီးအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ကြေညာထားသည်။
.
.မူဆယ်မြို့နယ်၊ နောင်ရမ်းကျေးရွာအနီး
မသင်္ကာဖွယ်ယာဉ် တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရ ဇန်နဝါရီလ၂၁ ရက် ညနေ ၅
နာရီအချိန်ခန့်တွင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍
သွားရောက်စစ်ဆေးခဲ့ရာ ဟုန်ဟိုက် အမျိုးအစား အနီရောင် ၆ ဘီး လိုင်စင်မဲ့
မော်တော်ယာဉ်တစ်စီးနှင့်အတူ ယာဉ်ပေါ်မှ စားသောက်ကုန်ပစ္စည်းများဖြင့်
ဖုံးအုပ်ထားသော တရားမဝင် ပိတောက် သစ် ၀ ဒသမ ၅၉၁၀ တန်ခန့်နှင့် တမလန်း သစ် ၁ ဒသမ ၇၉၉၈
တန်ခန့်၊ စုစုပေါင်း ကာလတန်ဖိုးခန့်မှန်း ၄၇ သိန်းကျပ်ခန့်အား ပိုင်ရှင်မဲ့
သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီရမိ တရားမဝင်သစ်များနှင့် မော်တော်ယာဉ်အား
မူဆယ်မြို့၊ သစ်တောဦးစီး ဌာနသို့ လုပ်ထုံးလုပ်နည်း နှင့်အညီ စနစ်တကျ
လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်
ဖော်ပြပါရှိသည်။
.
No comments:
Post a Comment