မိုင်းငေါ့တွင် အမျိုးသမီး တစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းငေါ့တွင် အမျိုးသမီး တစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ

မင်းဇော်မင်း

.

ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ ဇန်နဝါရီလ ၇ ရက်၊ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

.



.

မိုင်းငေ့ါမြို့၊ အောက်ဈေးရပ်နေ ဒေါ်အေးယွမ်သည် ဇန်နဝါရီလ ၇ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က မြို့နှင့် အနည်းငယ် ဝေးသည့် ၎င်းပိုင်လက်ဘက်ခြံအတွင်း တစ်ဦးတည်း ပေါင်းရှင်းနေစဉ် တူမီ;သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဝမ်းဗိုက်တွင် ဒဏ်ရာတစ်ချက် ရရှိကာ လက်ရှိတွင် အခြေအနေ ကောင်းမွန်နေသည်ဟု သိရသည်။

.

“လက်ဘက်ခြံသွားရင်း အပစ်ခံရတာ။ သူကတော့ တောမှားတာလို့ ဆိုတယ်။ တမင်လုပ်ကြံတာ မဖြစ်နိုင်ဘူးလို့ ယူဆ တယ်။ ဗမာစကား မတတ်ဘူး။ ဆေးရုံမှာ သူ့ယောက္ခမနဲ့ သမီးကို လိုအပ်တာတွေ ပြောဖို့ အားပေးခဲ့တယ်။ မနေ့က ရောက်ရောက်ချင်း ခွဲစိတ်ထားတော့ အနာကတော့ နာသေးတယ်လို့ ပြောတယ်။ တိုက်ပွဲမဖြစ်ဘဲ ဖြစ်တော့ မသေ ကောင်း၊ မပျောက်ကောင်းပေါ့” ဟု ကျောက်မဲမြို့၊ ဇီဝိတလူမှုကူညီရေးအသင်းမှ ဦးတင်မောင်သိန်းက ပြောသည်။

.

မိုင်းငေ့ါမြို့သည် ကျောက်မဲမြို့နယ်အတွင်းရှိ မြို့တစ်မြို့ဖြစ်ပြီး မြို့ပတ်လည်တွင် လက်ဘက်ခြံများ အများအပြား စိုက်ပျိုးထားကြောင်း သိရသည်။

.


Journal Download

Photo of three cats