ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား အထူးဒေသ (၄)
တွင် ၃ ရက်ကြာ ပိတ်မိခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား ၁၅၁ ဦး သည် ယနေ့ ဇန်နဝါရီလ ၁၈ ရက်၊
ညနေပိုင်းတွင် တောင်ကြီးမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အလုပ်သမားများကို မိုင်းယန်းမြို့နယ်မှတစ်ဆင့်
တောင်ကြီးမြို့သို့ ၁၂ ဘီးယာဉ် ၃ စီးဖြင့် ပြန်လည် ခေါ်ယူ လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အထူးဒေသ (၂) “ဝ” ဒေသ စီးကရက်စက်ရုံမှ
အလုပ်သမားများသည် နေရပ်ပြန်လိုကြောင်း စက်ရုံသို့ သတင်းပို့ ခဲ့ရာတွင် စက်ရုံတာဝန်ရှိသူများက
မိုင်းလားအထူးဒေသ (၄) သို့ တရားဝင် အကြောင်းကြား လွှဲပြောင်းအပ်နှံပေးမှု မရှိဘဲ
တရားမဝင်လမ်းကြောင်းမှ လာရောက်ပို့ဆောင်ခဲ့သဖြင့် အလုပ်သမား ၁၅၁ ဦးသည် အထူးဒေသ (၂)
နှင့် မိုင်းလား အထူးဒေသ (၄) အကြား မိုင်းယန်းနှင့် မိုင်းခတ်ကြား
ပြောင်းဖူးခြံတွင် ဇန်နဝါရီလ ၁၄ ရက်မှ ၁၇ ရက်အထိ ၃ ရက်ကြာ ပိတ်မိပြီး ဒုက္ခအခက်အခဲများ
ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း နေရပ်ပြန်အလုပ်သမားများမှာ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကန်ကျေးရွာမှ ၄၄ ဦး၊ ဆင်သေကန်ကျေးရွာမှ
၁၅ ဦး၊ မြို့သစ်မြို့နယ်၊ မကျည်းချိုကျေးရွာမှ ၈ ဦး၊ မင်းလှမြို့နယ်၊
လယ်လှကျေးရွာမှ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ သိန်းပြစ်ကျေးရွာမှ
၄၄ ဦး၊ စဉ့်ကုးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာမှ ၁ ဦး၊ သပိတ်ကျဉ်းမြို့နယ်၊
ချောင်းကြီးကျေးရွာမှ ၄ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ၂ ဦး၊ ပဲခူးတိုင်းဒေသကြီး၊
ပဲခူးမြို့မှ ၂ ဦး၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာကျေးရွာမှ ၁ ဦး၊
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကျူရှောကျေးရွာမှ ၂၃ ဦး၊
တန့်ယန်းမြို့နယ်မှ ၅ ဦး၊ စုစုပေါင်း ၁၅၁ ဦးဖြစ်ပြီး အမျိုးသား ၉၀ ဦး၊ အမျိုးသမီး
၆၁ ဦး ပါဝင်ကာ ကိုယ်ဝန်ဆောင် ၅ ဦးခန့် ပါဝင်ကာ တောင်ကြီးမြို့မှတစ်ဆင့် သက်ဆိုင်ရာ
နေရပ်ဒေသအသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.