နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မန်စံသို့ စစ်ရှောင် ၂၀၀ ခန့် ရောက်ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မန်စံသို့ စစ်ရှောင် ၂၀၀ ခန့် ရောက်ရှိလာ

□ ​စိုင်းသိင်္ခသူ/Photo - မင်းခနဒီ
.


 နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာအနီးတွင် RCSS နှင့် TNLA  တို့ ထိတွေ့ ပစ်ခတ်မှုများကြောင့် လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက် ပေါက်ကွဲသဖြင့် ယင်းကျေးရွာမှ​ ဒေသခံ  ၂၀၀ ခန့်သည် မန်စံမြောက်ဘုန်းကြီးကျောင်းသို့ စစ်ရှောင် ရောက်ရှိလာကြောင်း သိရသည်။
.
" သူတို့က မြောင်ဆွယ်ကနေ လုလေကို ပြေးသွားကြတာ မ​နေ့က၊ အခု မန်စံကိုရောက်လာတာ၊ လူဦးရေ အတိအကျကောက်ယူဆဲ ဖြစ်ပေမယ့်  ၂၀၀ လောက်တော့ ရှိတယ်၊။ သူတို့အတွက် လိုအပ်တဲ့ စောင်တွေ၊ အခင်းတွေ  ၂၀၀ လောက်အဆင်သင့် ရှိနေပါတယ်။" ဟု စစ်ရှောင်ကူညီရေးအဖွဲ့မှ နမ်းခမ်းက ပြောသည်။
.
RCSS နှင့် TNLA တို့ ဇန်န၀ါရီလ  ၂ ရက်၊ ညနေ ၅ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားစဥ် ပန်ချင်ကျေးရွာအနီး လက်နက်ကြီး ငယ်များဖြင့် ပစ်ခတ်မှုကြောင့် (ပစ်သည့်အဖွဲ့ မသိရ) လုလေကျေးရွာဘုန်းကြီးကျောင်းမှ ဆိုင်းလေက တဆင့် အနောက်ဘက် ၄ မိုင်ခန့် ကွာဝေးသည့် မန်စံမြောက် ဘုန်းကြီးကျောင်းသို့ စစ်​ရှောင် ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ ပန်ချင်ကျေးရွာသည် နမ္မတူမြို့၏ အရှေ့ဘက် ၁၈ မိုင်ခန့်အကွာတွင် ရှိကြောင်း ​ဒေသခံများထံမှ သိရသည်။

Journal Download

Photo of three cats