ကမ္ဘောဇတိုင်း
.
လားရှိုးမြို့နယ်၊ နောင်လိုင်ကျေးရွာအနီး၊ လားရှိုး-နမ္မတူသွား
ကားလမ်းပေါ်တွင် ဇန်နဝါရီလ ၁၆ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ် သိန်း ၂၄၀၀ ကျော် တန်ဖိုးရှိ
ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့၀င်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ် ၁၂
နာရီခန့်က လားရှိုးမြို့နယ်၊ နောင်လိုင်ကျေးရွာအနီး၊ လားရှိုး-နမ္မတူသွား
ကားလမ်းတွင် လားရှိုးမြို့ဘက်မှ နမ္မတူမြို့ဘက်သို့ အိုက်မာန် မောင်းနှင်လာသည့် FORLAND
အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စိစစ်ရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင်
အံဝှက်ပြုလုပ်ထားပြီး ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူအလေးချိန် ၁၆ ဒသမ ၅ ကီလိုအား
သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းဖြူများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
အိုက်မာန်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့်အရေးယူထားကြောင်း
သိရသည်။
.
ယင်း သိမ်းဆည်းရမိသော ဘိန်းဖြူများမှာ လားရှိုး
မြို့နယ်မှ မန်တုံမြို့နယ်သို့သယ်ဆောင်၍ မန်တုံ-မိုးမိတ် မှတစ်ဆင့် ကချင်ပြည်နယ်သို့
သယ်ယူရောင်းချမည်ဖြစ်ကြောင်း သိရသည်။
.