ကျောက်မဲတွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်နေသူ ၂ ဦးကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်နေသူ ၂ ဦးကို ဖမ်းမိ

မင်းဇော်မင်း 

.

ကျောက်မဲမြို့တွင် ယနေ့ ဇန်နဝါရီလ ၂၃ ရက်၊ နံနက်ပိုင်းက မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်နေသူ ၂ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

.

.

ကျောက်မဲမြို့မရဲခစန်းမှ နယ်ထိန်းခေါင်းဆောင်နှင့်တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသုံးစွဲ/ရောင်းချနေကြောင်း သတင်းအရ ဇန်နဝါရီ ၂၃ ရက် ၊ နေ့လယ် ၁၂ နာရီခန့်က ကျောက်မဲမြို့၊ ရပ်ကွက် (၉)၊ တိလင်းရပ်၊ နယ်မြေ (၆) ကွက်သစ်ရှိ သဖန်းဆိပ်တွင် စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူတစ်ဦးအား မသင်္ကာ၍ ခေါ်ယူမေးမြန်းရာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် လိုက်လံဖမ်းဆီးရာ ခြံဝင်းမြေကွက်လပ်တစ်ခု အရောက်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ ၎င်းသည် ကျောက်မဲမြို့၊ နယ်မြေ (၁၂)၊ ပြိန်းနင်ရပ်၊ ရပ်ကွက် (၁) နေ အောင်ကျော်မြင့် (ခ) အိုက်တူး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ဘိန်းဖြူဟုယူဆရသော အဖြူရောင် အမှုန့် အလေးချိန် ၅ ဂရမ်ခန့်နှင့် WY စာတမ်းပါ ဆေးပြား ၁၈၀ ပြား၊ အလေးချိန် ၁၆ ဒသမ ၂ ဂရမ် ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အလားတူ မွန်းလွဲ ၁၂ နာရီခွဲခန့်က ယင်းနေရာအနီး၌ လမ်းလျှောက်လာသူ ကျောက်မဲမြို့၊ နယ်မြေ (၆)၊ ရပ်ကွက် (၉) နေ ရဲထက်နောင် (ခ) ငမုန်း ဆိုသူအား စစ်ဆေးရှာဖွေရာ ၎င်း၏ယာဘက် လက်ထဲမှ ဘိန်းဖြူဟု ယူဆရသော အဖြူရောင်အမှုန့် အလေးချိန် ၂ ဒသမ ၅ ဂရမ်ခန့်ပါ ကော်ဘူး ၁ ဘူးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရ*သည်။

.

အဆိုပါ မူးယစ်ဆေးဝါးများအား သုံးစွဲ ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ အောင်ကျော်မြင့် (ခ) အိုက်တူးနှင့် ရဲထက်နောင် (ခ) ငမုန်း တို့ကို ကျောက်မဲမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats