ကလောတွင် ဆေးထောက်ခံချက်မပါသော ခရီးသည်များ တင်ဆောင်လာသည့် ယာဉ်မောင်း ၂ ဦးကို ဘေးစီမံ ဥပဒေဖြင့် အမှုဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောတွင် ဆေးထောက်ခံချက်မပါသော ခရီးသည်များ တင်ဆောင်လာသည့် ယာဉ်မောင်း ၂ ဦးကို ဘေးစီမံ ဥပဒေဖြင့် အမှုဖွင့်

ခွန်သန်းအောင်

.

တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်က COVID-19 ရောဂါ စစ်ဆေးပြီး ကြောင်း ဆေး ထောက်ခံချက် မပါရှိသော ခရီးသည်များကို တင်ဆောင်မောင်းနှင်လာသည့် ယာဉ်မောင်း ၂ ဦးကို သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

.

.

ကလောမြို့အဝင် စစ်ဆေးရေးဂိတ်သို့ ဇန်နဝါရီလ ၂၃ ရက်က သာစည်ဘက်မှ ကလောဘက်သို့ ရန်ကုန်တိုင်းဒေသ ကြီး၊ ထန်းတပင်မြို့နယ်နေ ယာဉ်မောင်း ရဲအောင် မောင်းနှင်လာသည့် ယာဉ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်နေ ယာဉ်မောင်း တင်မင်းအောင် မောင်းနှင်လာသည့် ယာဉ်များပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၉ ဦးမှာ COVID-19 ရောဂါ စစ်ဆေးပြီးကြောင်း ဆေးထောက်ခံချက် မပါရှိသည်ကို တွေ့ရသဖြင့် ခရီးသည်များအား လာရာ လမ်းအတိုင်း ပြန်လွှတ်ပြီး ယာဉ်မောင်းများကို အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အမှုမှ COVID-19 ရောဂါနှင့် ပတ်သက်သည့် ပြည်သူများ သိရှိစေရန် အသိပေးကြေညာချက်ကို သိလျက်နှင့် တမင် ဖောက်ဖျက်ကာ ဆေးထောက်ခံချက်မပါရှိသည့် ခရီးသည်များအား ရှမ်းပြည်နယ်အတွင်း ဝင်ရောက်ရန် တင်ဆောင်မောင်းနှင်လာသူ ယာဉ်မောင်း ရဲအောင်နှင့် တင်မင်းအောင် တို့ ၂ ဦးအား ကလောမြို့မရဲစခန်းတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အသီးသီး အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats