ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာအုပ်စု၊
လွယ်မခံကျေးရွာအနီးရှိ ရိုးချောင်းငယ်အတွင်း ယနေ့ ဇန်နဝါရီလ ၂၀ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦး
ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.သေဆုံးသူသည် လွယ်မခံကျေးရွာနေ ဦးခွေး (၇၀ နှစ်) ဆိုသူဖြစ်ကြောင်း
သိရပြီး လွယ်မခံကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာရှိ ရိုးချောင်းငယ်အတွင်း မျက်နှာမှောက်လျက်အနေအထားဖြင့်
ရေနစ်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ရကာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ တွေ့ရှိရခြင်းမရှိကြောင်း
သိရသည်။
.
ယင်း ဦးခွေးသည် အရက်အလွန်အကျွံသောက်သုံးကာ အရက်စွဲနေသူတစ်ဦးဖြစ်ပြီး
တစ်ဦးတည်း နွားကျောင်း ထွက်လေ့ရှိသူဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ ဦးခွေး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း
သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်းနယ်မြေ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်
၃/၂၀၂၁ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.