ဝင်းကျော် (ကာလိ)
.
လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊
အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရှိ တင်းလီ ကိုယ်ထူကိုယ်ထ ဈေးသစ် ဖွင့်လှစ်ပွဲနှင့်
မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်၊
နံနက်ပိုင်းက ပြုလုပ်ခဲ့ ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
နန်းခင်စော၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် စိုင်းအောင်ကျော်ဦး၊ ဌာနေပြည်သူ့စစ် တပ်မဟာ
(၇)မှ ဗိုလ်မှူး စောဝ်ခမ်းခေါင်နှင့် စည်ပင်သာယာရေးဌာန၊ ကာလိမြို့ တာဝန်ခံ ဦးခင်ဇော်ဦးနှင့်
စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်သာအောင်တို့က ဈေးသစ်အား ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း
သိရသည်။
.
ထို့နောက် ကိုယ်ထူကိုယ်ထဈေးသစ်ကော်မတီ နာယက စိုင်းခေါင်က
တင်းလီ ကိုယ်ထူကိုယ်ထဈေးသစ် တည်ဆောက် ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး
ဌာနေပြည်သူ့စစ် တပ်မဟာ (၇)မှ ဗိုလ်မှူး စောတ်ခမ်းခေါင်က တင်းလီ ကိုယ်ထူကိုယ်ထဈေးသစ်ကို
ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သာအောင်အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း
သိရသည်။
.
ဆက်လက်ပြီး ကာလိမြို့ပြည်သူများကိုယ်စား
တာဝန်ရှိသူတစ်ဦးက စည်ပင်သာယာရေးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးခင်ဇော်ဦး အား
အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ
ဦးမြတ်သာအောင် က ကျေးဇူးတင်စကားပြောကြားကာ တင်းလီ ဈေးသစ်အတွင်းသို့ လှည့်လည် ကြည့်ရှုခဲ့ကြောင်း
သိရသည်။
.
အဆိုပါ တင်းလီဈေးသစ် ဖွင့်ပွဲနှင့် စည်ပင်သာယာရေးကော်မတီသို့
လွှဲပြောင်းပေးအပ်ပွဲသို့ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခင်စော
၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်ကျော်ဦး ၊ ဌာနေ ပြည်သူ့စစ်တပ်မဟာ (၇)မှ
ဗိုလ်မှူး စောဝ်ခမ်းခေါင်၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး
ဦးသိန်းဝင်းနှင့် ကာလိမြို့ အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း
သိရသည်။
.