ကမ္ဘောဇဘဏ်မှ ရွှေညောင်မြို့ရှိ ပရဟိတကွန်ရက်အဖွဲ့သို့ ရေသယ်ယာဉ် လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇဘဏ်မှ ရွှေညောင်မြို့ရှိ ပရဟိတကွန်ရက်အဖွဲ့သို့ ရေသယ်ယာဉ် လှူဒါန်း

စိုင်းအောင်မြတ် (တောင်ကြီး)

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ဒက္ခိဏာရာမကျောင်းတိုက်တွင် ယနေ့ ဇန်နဝါရီလ ၉ ရက်၊ နံနက်ပိုင်းက ကမ္ဘောဇဘဏ်မှ ရွှေညောင်မြို့ရှိ ပရဟိတကွန်ရက်အဖွဲ့သို့ ရေသယ်ယာဉ်တစ်စီး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

.

.

မကြာမီ ဆောင်းရာသီကုန်ဆုံး၍ နွေရာသီကလ ရောက်ရှိတော့မည်ဖြစ်ရာ ရွှေညောင်မြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်လာပါက ပြေလည်စေရန် ရည်ရွယ်၍ ယင်းကဲ့သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပရဟိတကွန်ရက် နာယက ဦးသိန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကမ္ဘောဇဘဏ်မှ ညွှန်ကြားရေးမှူး ဦးခင်အောင်၊ မန်နေဂျာ ဒေါ်စန္ဒာဝင်းနှင့် အဖွဲ့က ရွှေညောင်မြို့၊ ပရဟိတကွန်ရက် အဖွဲ့ နာယက ဦးစံရွှေထံသို့ ငွေကျပ် သိန်း ၄၅၀ ကျော် တန်ဖိုးရှိ ရေသယ်ယာဉ်အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

.

ထို့နောက် ရှမ်းတောင်ပရဟိတကွန်ရက်နာယက ဦးသိန်းဦးက အလှူရှင်မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပြီး ရွှေညောင်မြို့၊ ပရဟိတကွန်ရက်အဖွဲ့ နာယက ဦးစံရွှေ က ကျေးဇူးတင်စကား ပြောကြားကာ စုပေါင်း မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

.

အခမ်းအနားသို့ ကမ္ဘောဇဘဏ်လီမိတက်မှ တာ၀န်ရှိသူများ၊ ရွှေ‌ညောင်ပရဟိတကွန်ရက်မှ တာ၀န်ရှိသူများ၊ ရွှေညောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats