ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းအား ကယားပြည်နယ်အစိုးရမှ လူမှုထူးချွန် (ပထမဆင့်) ဂုဏ်ထူးဆောင် ဆု ချီးမြှင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းအား ကယားပြည်နယ်အစိုးရမှ လူမှုထူးချွန် (ပထမဆင့်) ဂုဏ်ထူးဆောင် ဆု ချီးမြှင့်

ကမ္ဘောဇတိုင်း

.

ကမ္ဘောဇဘဏ်နာယက ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်းအား ကယားပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံတော်နှင့် ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုရေးကဏ္ဍတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သည့်အတွက် လူမှုရေးဆိုင်ရာထူးချွန်ဆု  (ပထမအဆင့်) ဂုဏ်ထူးဆောင်ဆုကို ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။

.

.

အဆိုပါဆုကို ယနေ့ ဇန်နဝါရီလ ၁၂ ရက်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက ပေးအပ်ရာ ကမ္ဘောဇဘဏ် လွိုင်ကော်ဘဏ်ခွဲမန်နေဂျာက လက်ခံရယူခဲ့ကြောင်း သိရသည်။

.

ကမ္ဘောဇဘဏ်သည် ၂၀၁၅ ခုနှစ်တွင် မြေပြိုမှုများကြောင့် သဘာဝဘေးဒဏ် သင့်ခဲ့သည့် မော်ချီးဒေသခံ တိုင်းရင်းသား များ နေထိုင်ရန် အနာဂတ်အလင်းတန်းကျေးရွာကို ငွေကျပ်သိန်း ၂၅၀၀ ကျော် အကုန်အကျခံကာ ပြန်လည် တည်ထောင်ပေးခဲ့ပြီး ကျေးရွာအင်္ဂါရပ်နှင့်အညီ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ရေတွင်းရေကန်၊ လျှပ်စစ်မီးနှင့် လမ်း စသည်တို့ကိုပါ တည်ဆောက်ပေးခဲ့ကာ ၂၀၁၆ ခုနှစ်တွင် ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

.

ထို့ပြင် ရေရှားပါးမှုမရှိစေရန် ငွေကျပ် ၃၁၅ သိန်းအကုန်အကျခံ၍ လွိုင်ကော်ပြည်သူ့ဆေးရုံတွင် စက်ရေတွင်း ၂ တွင်း၊ ပညာရေးကောလိပ်တွင် စက်ရေတွင်း တစ်တွင်းတူးဖော်ပေးခဲ့ကြောင်း သိရသည်။

.

အလားတူ COVID-19 ကူးစက်မြန်ရောဂါ စိန်ခေါ်မှုကို ကာကွယ်တွန်းလှန်တိုက်ဖျက်နိုင်ရန်အတွက် ဧပြီလ ၂၉ ရက် တွင် ငွေကျပ် ၇၀၆ ဒသမ ၅ သိန်း တန်ဖိုးရှိ ကာကွယ် ကုသရေး အထောက်အကူပြုပစ္စည်းများ၊ စားနပ်ရိက္ခာ ဆန်အိတ် များ၊ ဆေးရုံများအတွက် Patient MonitorOxygen Machine စသည်တို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်နယ်အတွင်းရှိ Facility Quarantine ဝင်ရောက်နေသည့် စောင့်ကြည့်လူနာများ​၏ စားနပ်ရိက္ခာအတွက် ငွေကျပ် ၃၁၂ ဒသမ ၉၈ သိန်း ထောက်ပံ့လှူဒါန်းခဲ့သည့်အပြင် ငွေကျပ် ၄၇၄ ဒသမ ၇၈ သိန်းတန်ဖိုးရှိ စားနပ်ရိက္ခာများကို COVID-19 ဖြစ်ပွား‌ နေချိန် ကာလအတွင်း လှူဒါန်းထားရှိကြောင်း သိရသည်။

.

ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး၊ ကဏ္ဍအသီးသီးတွင် အလှူငွေ စုစုပေါင်း ၁၈၄ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဆက်လက်၍လည်း လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊ လိုအပ်သည်များကို အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ်  လှူဒါန်းသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats