ကျောက်မဲရှိ တိုက်ပွဲရှောင်ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲရှိ တိုက်ပွဲရှောင်ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်

မိုင်းထွန်း

.


ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်း ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၉၀ ကျော်အား အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများက ယနေ့ ဇန်နဝါရီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် ပိန္နဲကုန်းကျေးရွာအုပ်စု၊ ဝါဆိုကျောင်းတိုက်၌ အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

ကျောက်မဲမြို့နယ် လွယ်အံတင်းကျေးရွာအုပ်စု အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်း နေရာသို့ ကျေးရွာ ရွာမှ ပြည်သူ ၁၀၀၀ ကျော်တို့က တိမ်းရှောင်ခိုလှုံရောက်ရှိ နေကြခြင်း ဖြစ်သည်။

.

အဆိုပါ တိုက်ပွဲရှောင် ပြည်သူများ အနက် အိမ်ထောင်စုစာရင်း မရှိသေးသည့် အိမ်ထောင်စု ၉၇ စုနှင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူ ၆၉ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခြင်း ဖြစ်ကာ မွေးတိုး၊ သေဆုံးပယ်ဖျက်ခြင်း စသည့် လုပ်ငန်းများကိုလည်း ဇန်နဝါရီ ရက်မှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်ထံမှ သိရသည်။

Journal Download

Photo of three cats