မိုင်းလားမှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများကို စားစရာနှင့် အသုံးအဆောင်များ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းလားမှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများကို စားစရာနှင့် အသုံးအဆောင်များ ထောက်ပံ့

မင်းဇော်မင်း

.

မိုင်းလားတွင် သွားရောက်၍ အလုပ် လုပ်ကိုင်ပြီးနောက် နေရပ်ပြန်မည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်အတွက် လမ်းခရီးတွင် စားသုံးရန် အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းများကို ကျိုင်းတုံမြို့၌ ဇန်နဝါရီလ ၂၉ ရက်တွင် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

.


အဆိုပါ ရွှေ့ပြောင်းလုပ်သား ၂၁၈ ဦးအတွက် အစားအသောက်များနှင့် အသုံးအဆောင် ပစ္စည်းများကို ICRC အဖွဲ့က ကြက်ခြေနီတပ်ဖွဲ့မှ တဆင့် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

မိုင်းတုံ ၅ ယောက်ကိုတော့ ကားစင်းလုံး ငှားနဲ့ (ဇန်နဝါရီလ ၂၉ ရက်) ညနေ ၄ နာရီက လွှတ်လိုက်ပြီ၊ ပြည်မသွားမယ့် သူတွေကတော့ တောင်ကြီးကို ဆက်ထွက်မယ်ဟု ကျိုင်းတုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဦးရန်နိုင်ထွန်းက ပြောသည်။

.

ရွှေ့ပြောင်းအလုပ်သမားများကို ဇန်နဝါရီလ ၂၉ ရက်တွင် မိုင်းလားမှ တဆင့် ခေါ်ဆောင်လာခြင်း ဖြစ်ပြီး တောင်ကြီးမြို့အထိ ပို့ဆောင်မည် ဖြစ်ကာ တောင်ကြီးမှတဆင့် နေရပ် အသီးသီးသို့ ဆက်လက် ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

.

COVID-19 ရောဂါ ထိန်းချုပ်သည့်အနေဖြင့် အထူးဒေသ ၄ (မိုင်းလား)အဖွဲ့က ဒေသတွင်း ဝင်/ထွက်မှုကို  ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၄ ရက်က ပိတ်ထားခဲ့ပြီးနောက် ဇန်နဝါရီလ ၂၀ ရက်တွင် ပြန်လည် ဖွင့်လှစ် လိုက်ခြင်းကြောင့် ရွှေ့ပြောင်းလုပ်သားများ နေရပ်သို့ ပြန်ကြခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats