ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ အရည်အသွေး စမ်းသပ်စစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ အရည်အသွေး စမ်းသပ်စစ်ဆေး

မောင်ခိုင် (ကျေးသီး)

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ ၅၀ တို့တွင် အသုံးပြုနေသော ရေနမူနာများကို ရယူ၍ ဇန်နဝါရီလ ၁၁ ရက်မှ စတင်ကာ အရည်အသွေး စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

.

.

ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ သောက်သုံးရေမှ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် ယင်းကဲ့သို့ စမ်းသပ်စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။

.

စမ်းသပ်စစ်ဆေးရာတွင် ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး‌စိုးလွင်မြင့်၊‌‌ ဒေါ်စိမ့်စိမ့်သူ (ဦးစီးအရာရှိ -နည်းပညာ) နှင့် ဝန်ထမ်းများက ရေတွင်ပါဝင်သော လူနှင့် တိရစ္ဆာန် အညစ်အကြေး ဓါတ်ကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော အီကိုလိုင်(E-Coli) ဘက်တီးရီးယားပိုး ပါဝင်မှု ရှိ၊ မရှိ သိရှိနိုင်ရန် ရေထွက်ပင်ရင်းမှ ရေကိုယူဆော င်၍ ၂၄ နာရီအတွင်း အီကိုလိုင် စမ်းသပ်ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

.

ထိုသို့ စစ်ဆေးပေးရာတွင် လက်ရှိအချိန်အထိ ကျေးရွာ ၂၁ ရွာမှ ရေနမူနာများကို စမ်းသပ်စစ်ဆေးပြီးဖြစ်ကာ အားလုံးတွင် ရောဂါပိုး ကင်းရှင်းကြောင်းနှင့် ကျန် ၂၉ ရွာကိုလည်း ဆက်လက်စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့် ထံက သိရသည်။

.


Journal Download

Photo of three cats