အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်အတွင်း Home
Quarantine ဝင်ရောက်နေသည့် အိမ်ထောင်စုများအား ရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးဆောင်မှုဖြင့် လှူဒါန်းမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
.
.“Home Quarantine ဝင်ရောက်နေတဲ့
မိသားစုဝင်တွေကို အုပ်ချုပ်ရေးမှူးရုံး အနေနဲ့ တတ်နိုင်သလောက် ဝိုင်းပြီး လှူဒါန်းပေးတာပါ။
ပူးပေါင်းဆောင်ရွက်လိုတဲ့ အလှူရှင်တွေ ရှိရင်လည်း ပူးပေါင်းပြီး ဆက်လက်လှူဒါန်းပေးသွားမှာ
ဖြစ်ပါတယ်” ဟု ကျောင်းကြီးစုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူးတစ်ဦးက ပြောသည်။
.
ထိုသို့ လှူဒါန်းမှု ပြုလုပ်ရာတွင် လိုအပ်ချက်ရှိသည့်
မိသားစုဝင်များအား အဓိက လှူဒါန်းပေးခြင်းဖြစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥ စသည့် စားသောက်ဖွယ်ရာများ
အပြင် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းဖြစ်သော နှာခေါင်းစည်း
Mask များကိုလည်း လှူဒါန်းပေးခဲ့သည်ဟု သိရသည်။