တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ဆွေးနွေး

ကိုစိုး (ကမ္ဘောဇတိုင်း)

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

.

.

“မနေ့က အစည်းအဝေးလုပ်ပါတယ်။ လောလောဆယ်ကတော့ တတိယအကြိမ် ကိုယ်စားလှယ်တွေပဲ ခေါ်ဖို့စီစဉ်ထား ပါတယ်” ဟု ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ များဖွဲ့စည်းထားရှိမှုနှင့် ကြိုတင်ပြင်ဆင် ရမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

.

ထို့နောက် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးတင်ပြကာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

.

အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်း၊ တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်တွင် စတင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက် သွားရန် ရှိနေကြောင်း သိရသည်။

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၃၃ ဦး၊ SNLD မှ ကိုယ်စားလှယ် ၂၆ ဦး၊ USDP မှ ကိုယ်စားလှယ် ၂၄ ဦး၊ TNP မှ ကိုယ်စားလှယ် ၇ ဦး၊ PNO မှ ကိုယ်စားလှယ် ၇ ဦး၊ WNP မှ ကိုယ်စားလှယ် ၂ ဦး၊ LNDP မှ ကိုယ်စားလှယ်  ဦး၊ SNDP မှ ကိုယ်စားလှယ် ၁ ဦး၊ KNP မှ ကိုယ်စားလှယ် ၁ ဦး၊ တစ်သီး ပုဂ္ဂလကိုယ်စားလှယ်  ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၁၄၀ ဦး ပါဝင်မည် ဖြစ်သည်။

.

ဓါတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော်

.


Journal Download

Photo of three cats