တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပရန် လျာထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပရန် လျာထား

ကိုစိုး (ကမ္ဘောဇတိုင်း)

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးများကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယင်းမတိုင်မီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အကြောင်းကြားလာပါက ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးကို ကျင်းပပေးရန် ရှိနေသည်ဟု သိရသည်။

.

.

“ကြားထဲမှာ RE (ဖြည့်စွက်ရန်ပုံငွေ) အတွက် အစိုးရအဖွဲ့က အကြောင်းကြားရင်တော့ ဒုတိယအကြိမ်လွှတ်တော် ခေါ်ပေးမှာပေါ့။ အကြောင်းမကြားရင်တော့ တတိယအကြိမ် လွှတ်တော်ကို တစ်ဆက်တည်း လုပ်သွားမှာပါ။ တတိယအကြိမ်အတွက်တော့ ဖေဖော်ဝါရီလ ၈ ရက်လောက်မှာ စ နိုင်အောင် အဆင်သင့် လုပ်ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အသစ် ၁၄၀ ရဲ့ ခန့်အပ်လွှာတွေ ရောက်ပြီဆိုရင် ဖိတ်ကြားရေးနဲ့ နေရာထိုင်ခင်း တော့ လုပ်ပြီးသွားပါပြီ” ဟု ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထိုသို့ တတိယအကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပရာတွင် ဒုတိယအကြိမ် လွှတ်တော်နှင့် မချိတ်ဆက် တော့ဘဲ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အသစ်၊ အဟောင်းတို့သာ တာဝန်လွှဲပြောင်းလက်ခံဆောင်ရွက်သွားရန် စီစဉ်ထား ပြီး ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများကိုလည်း အချိန်ကာလ ကန့်သတ်ချက်အရ ကြယ်ပွင့်မပြ မေးခွန်းများကိုသာ မေးမြန်းခွင့် ပြုထားကြောင်း သိရသည်။

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၂၉ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၂၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၂၄ ဦး၊ တအာင်း (ပလောင်) အမျိုးသားပါတီမှ ကိုယ်စားလှယ် ၇ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၇ ဦး၊ “ဝ” အမျိုးသားပါတီမှ ကိုယ်စားလှယ် ၂ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် ၁ ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ် ၁ ဦး၊ တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ၁ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး၊ တိုင်းရင်းသား​ရေးရာ ကိုယ်စားလှယ် ၇ ဦး၊ စုစုပေါင်း ၁၄၀ ဦးဖြင့် ဖွဲ့စည်းထားသည်။

Journal Download

Photo of three cats