ဆီဆိုင်မြို့ရှိ သက်ကြီးဘိုးဘွားများကို အိမ်တိုင်ရာအရောက် လူမူရေးပင်စင်များ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်မြို့ရှိ သက်ကြီးဘိုးဘွားများကို အိမ်တိုင်ရာအရောက် လူမူရေးပင်စင်များ ပေးအပ်

ခွန်ရဲထွေး (ဆီဆိုင်)

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့အောင်ချမ်းသာရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ၄ ဦးအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမူရေးပင်စင် ထောက်ပံ့ငွေများကို ဇန်နဝါရီ ၁ ရက်နံနက် ၉ နာရီက အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

.

ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်မှ အဘိုး ၁ ဦးနှင့် အဘွား ၃ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်နှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။

.

အသက် ၈၅ နှစ်အထက် သက်ကြီးအဘိုး အဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင် အဖြစ် တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့်လ တစ်ကြိမ် ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats