မြဝင်း (ကျောက်တလုံးကြီး)
.
တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊
ထီပုန်းကျေးရွာရှိ GAP စနစ် အသိအမှတ်ပြု လျှောက်လွှာ လျှောက်ထားသော
ကြက်သွန်ဖြူစိုက်ခင်းသို့ ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်း ကျောက်တလုံးကြီး မြို့
စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
.ထိုသို့ စစ်ဆေးရာတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)စနစ် အသိအမှတ်ပြု လက်မှတ်လျှောက်ထား သော ထီပုန်းကျေးရွာမှ ကြက်သွန်ဖြူစိုက်တောင်သူ
၁၂ ဦး၏ ကြက်သွန်ဖြူစိုက်ခင်း ၄ ဒသမ ၂ ဧကအား ပိုးမွှား ကျရောက်မှုရှိ/မရှိစစ်
ဆေး၍ပေါင်းမြက်များနှိမ်နှင်းရန်နှင့် လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
.
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းစနစ် (GAP)
ဖြင့် စိုက်ပျိုးခြင်းအားဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းခြင်း၊
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်း၊ သီးနှံအရည်အသွေးမြင့်မားစေခြင်း၊
လုပ်သား ကျန်းမာရေးနှင့် လူမှုဘဝ မြှင့်တင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပြီး
ဓာတုပိုးသတ်ဆေး၊ ဓာတုဓာတ်မြေဩဇာများကို အချိုးစားကျကျ
စနစ်တကျသုံးစွဲခြင်းကြောင့် ကုန်ကျစရိတ် သက်သာ၍ အသီးအနှံများလည်း အရည်အသွေးပြည့်မီကာ
ဈေးကောင်းပိုမိုရရှိစေမည်ဖြစ်ကြောင်း သိရသည်။
.