ကိုစိုး (ကမ္ဘောဇတိုင်)
.
ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အိမ်ထောင်စုစာရင်းများ
ကောက်ယူသွားမည်ဖြစ်သည်ဟု သိရသည်။
.
.“ဘယ်ကာလမှာ ဘာလုပ်ရမယ်ဆိုတာ Time Frame ရှိပါတယ်။ အခုတော့ အိမ်ထောင်စုစာရင်း စကောက်ဖို့ ပြင်ဆင် နေပါပြီ။ ဒီတစ်ပတ်အတွင်းမှာတော့
အသိပညာပေးတဲ့ လုပ်ငန်းတွေ လုပ်နေပါတယ်။ အိမ်ထောင်စုစာရင်းရှိမှ မဲပေးလို့ ရမှာဖြစ်ပါတယ်။
ဒါကြောင့် မဲပေးနိုင်ဖို့ အိမ်ထောင်စု မကျန်ခဲ့ရအောင် လဝကကိုလည်း မှာထားပါတယ်။ အိမ်ထောင်စု
စာရင်း ကောက်တဲ့အခါမှာ လဝကနဲ့ ပေါင်းပြီး ဆောင်ရွက်ဖို့ ညွှန်ကြားချက် ထွက်ဖို့ရှိပါတယ်”
ဟု ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး၊
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေလင်းဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ
ပြန်လည်ရွေးချယ်နိုင်ရေးအတွက် လက်ရှိတွင် ရှမ်းပြည် နယ်အတွင်းရှိ မြို့နယ်အသီးသီး၌
အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိပြီး ယနေ့ ဇန်နဝါရီလ ၂၅ ရက်၊ နေ့လယ်ပိုင်းကလည်း
တောင်ကြီးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အဆိုပါကိစ္စနှင့် ပတ်သက်၍ အသိ
ပညာပေး ရှင်းလင်းပွဲ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
.
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ် တင်မြှောက်နိုင်ရေးအတွက်
ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ
ပထမပတ်တွင်လည်းကောင်း၊ ဆယ်အိမ်စု၊ ရာအိမ်စု ဖွဲ့စည်းခြင်းကို ဖေဖော်ဝါရီလ
ဒုတိယပတ်နှင့် တတိယပတ်တွင် လည်းကောင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊
ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ
နောက်ဆုံးပတ်မှ မတ်လ ဒုတိယပတ်အတွင်း လည်းကောင်း၊ ရွေးချယ်ခံရသော ဆယ်အိမ်မှူး၊
ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူး အမည်စာရင်းနှင့် အချက်အလက် များ
စုစည်းခြင်း၊ ပြန်လည်စိစစ်ခြင်းနှင့် အထက် အဆင့်ဆင့်သို့ တင်ပြခြင်းကို မတ်လ
ပထမပတ်မှ ဒုတိယပတ်အတွင်း လည်းကောင်း၊ အတည်ပြုခန့်ထားခြင်း ကို မတ်လ
နောက်ဆုံးပတ်တွင်လည်းကောင်း ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက
အချိန်ဇယား (Time Frame) သတ်မှတ်ပေးထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တစ်ခုလုံးတွင် မြို့နယ်ပေါင်း ၅၅
မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၇၈၇ စု ရှိကြောင်း သိရသည်။
.