ကမ္ဘောဇတိုင်း
.
အသစ်ဖွင့်လှစ်ထားသည့် G Bank ၏ တာချီလိတ်ဘဏ်ခွဲတွင် ဘဏ်ခွဲဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ် အပ်ငွေများကို
အထူးအတိုးနှုန်းများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
.
.တာချီလိတ်မြို့ရှိ G bank ၏
ဘဏ်ခွဲကို ဇန်နဝါရီလ ၂၁ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဘဏ်ခွဲဖွင့်လှစ်ခြင်း အထိမ်း
အမှတ် အထူးအစီအစဉ် အနေဖြင့် ဘဏ်ခွဲစတင်ဖွင့်လှစ်သည့်နေ့မှ ဖေဖော်ဝါရီလကုန်အထိ တစ်နှစ်
စာရင်းသေ အပ်ငွေများကို အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
G Bank ၏ ရုံးချုပ်မှာ ရန်ကုန်မြို့၊ ပြည်လမ်းတွင်
တည်ရှိပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကလေး၊ ဟုမ္မလင်း၊ ရွှေဘို၊ တောင်ကြီး၊
တာချီလိတ်၊ မြဝတီ စသည့်မြို့ကြီးများရှိ ဘဏ်ခွဲများအားလုံးတွင် အပ်ငွေ၊ ချေးငွေ၊
ငွေလွှဲ၊ Payment Order (PO)၊ ဘဏ်အာမခံ၊ အရစ်ကျဝယ်ယူခြင်း
စသည်တို့ကို ဝန်ဆောင်မှုပေးလျက် ရှိသည့်အပြင် G Bank အချင်းချင်း
အသက်သာဆုံး နှုန်းထားဖြင့် ငွေလွှဲနိုင်ပြီး အခြားဘဏ်များနှင့်လည်း ချိတ်ဆက်ကာ
မြန်မာနိုင်ငံအနှံ့ မည်သည့်မြို့နယ်ကိုမဆို လျင်မြန်လွယ်ကူလုံခြုံစွာ အပြန်အလှန်
ငွေလွှဲပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
.
G Bank ပထမဆုံး ဘဏ်ခွဲကို ၂၀၁၈ ခုနှစ်၊
စက်တင်ဘာလအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး
၁၃ ခုမြောက် ဘဏ်ခွဲဖြစ်သော တာချီလိတ် ဘဏ်ခွဲကို အမှတ် (၃/က)၊ အကွက် (၇) စျေးရပ်၊
တာလော့ရပ်ကွက်၊ တာချီလိတ်မြို့တွင် ဖွင့်လှစ် ထားကြောင်း သိရသည်။
.
No comments:
Post a Comment