ကမ္ဘောဇတိုင်း
.
၂၀၂၁ ခုနှစ်၊ ပထမသုံးလအတွင်း ငွေကြေးစုဆောင်းသူများကို
G Bank မှ အပ်ငွေ အထူးအတိုးနှုန်းများ ပေးလျက် ရှိသည့်အပြင် အခြားဘဏ်များနှင့်
ချိတ်ဆက်ပြီး မြန်မာနိုင်ငံအနှံ့ မည်သည့်မြို့နယ်သို့မဆို လျှင်မြန်လွယ်ကူလုံခြုံစွာ
အပြန်အလှန် ငွေလွှဲပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
.
.G Bank မှ ငွေကျပ် သိန်း ၅၀ နှင့်အထက် လာရောက်အပ်နှံမှုများကို
High Speed Saving စုဆောင်းငွေစာရင်းအဖြစ် သတ်မှတ်ပြီး အတိုးနှုန်း
တစ်နှစ်လျှင် ၇ ဒသမ ၃ ရာခိုင်နှုန်းအထိ ပေးလျက်ရှိကာ အတိုးငွေကို လစဉ် ထုတ်ယူနိုင်ပြီး
ယင်းအတိုးနှုန်းကိုပါ ဆက်လက်စုဆောင်းသွားပါက တိုးရင်းပေါင်းအဖြစ် အကျိုးအမြတ် ပိုမိုရရှိစေမည်ဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် စာရင်းသေအပ်ငွေ (Fix Deposit) များကိုလည်း ၆ လ စုဆောင်းပါက အတိုး ၈ ရာခိုင်နှုန်း၊ ၁ နှစ် စုဆောင်း ပါက
၈ ဒသမ ၄ ရာခိုင်နှုန်း ပေးလျက်ရှိပြီး ၂ နှစ် စာရင်းသေအပ်ငွေစာရင်း စုဆောင်းထားရှိပါက
တစ်နှစ်လျှင် အတိုး ၈ ဒသမ ၇ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကာ အတိုးငွေကို ၆ လတစ်ကြိမ် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း
သိရသည်။
.
ကျင်းပပြီးစီးခဲ့သည့် World Saving Day 2020
ဖိုရမ်တွင် ပြည်ထောင်စုတိုင်းရင်းသားများအားလုံး ငွေကြေးပိုမို စုဆောင်းကြရန်၊
ငွေစုသည့်အလေ့အထများ ပိုမိုကျင့်သုံးကြရန် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်း၊ ငွေကြေးဆိုင်ရာ
ပညာရှင်များက ဝိုင်းဝန်းအကြံပြုတိုက်တွန်းခဲ့သည့်အပေါ် G Bank မှ ငွေကြေးစုဆောင်းသူများအတွက် အပ်ငွေ အထူး အတိုးနှုန်းများကို သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယခုနှစ်တွင် COVID-19 ကပ်ရောဂါကြောင့်
ကမ္ဘာတစ်ဝှမ်း စီးပွားရေးလုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိသော်လည်း
G Bank မှ ၂၀၂၁ ခုနှစ်၊ ပထမသုံးလအတွင်း ဘဏ်တွင်ငွေကြေးစုဆောင်းသူများကို
အပ်ငွေအထူးအတိုးနှုန်းများ အမြင့်ဆုံး ပေးအပ်ခြင်းဖြင့် ပြည်သူများ၏ ငွေကြေးဓန ကြွယ်ဝမှုကို
ပိုမိုတိုးမြှင့်ပေးနိုင် ရန် တစ်တပ်တစ်အား အထောက်အကူပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
.
G Bank ၏ ပထမဆုံးဘဏ်ခွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာ့စီးပွားရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်စေရေး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း
သိရသည်။
.
G Bank ရုံးချုပ်ကို ရန်ကုန်မြို့၊ ပြည်လမ်းတွင်
ဖွင့်လှစ်ထားပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကလေး၊ ဟုမ္မလင်း၊ ရွှေဘို၊ တောင်ကြီး၊
တာချီလိတ်၊ မြဝတီ စသည့် မြို့ကြီးများရှိ ဘဏ်ခွဲများအားလုံးတွင် အပ်ငွေ၊ ချေးငွေ၊ ပြည်တွင်းငွေလွှဲ
လုပ်ငန်း၊ Payment Order (PO)၊ ဘဏ်အာမခံ၊ အရစ်ကျဝယ်ယူခြင်း စသည်တို့ကို
နေ့စဉ် ဘဏ်ချိန်များအတွင်း ဆောင်ရွက်ပေးလျက်ရှိပြီး G Bank အချင်းချင်း
အသက်သာဆုံး ငွေလွှဲခနှုန်းထားဖြင့် ငွေလွှဲဝန်ဆောင်မှု ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
.
G Bank ၏ တောင်ကြီးဘဏ်ခွဲကို အမှတ် ည (၆)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
ညောင်ဖြူစခန်းရပ်ကွက်တွင် ဖွင့်လှစ် ထားကြောင်း သိရသည်။
.