ရှမ်းပြည်နယ်အတွင်း ငွေကျပ် ၈၇၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တပ်မတော် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, January 22, 2021

ရှမ်းပြည်နယ်အတွင်း ငွေကျပ် ၈၇၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တပ်မတော် ထုတ်ပြန်

ကမ္ဘောဇတိုင်း

.

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာတွင် ရှမ်းပြည်နယ်အတွင်း ငွေကျပ် ၈၇၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်၊ ညပိုင်းu ထုတ်ပြန်ကြေညာခဲ့သည်။

.

.

တပ်မတော်အနေဖြင့် ဌာနဆိုင်ရာနှင့် လုံခြုံရေးအဖွဲ့အစည်းအသီးသီးတို့နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်တိုက်ဖျက်လျက်ရှိရာ ရှမ်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထိုသို့ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသအတွင်း ဖမ်းဆီးရမိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၁၆ ရက်အထိ စိတ်ကြွရူးသွပ်ဆေးဝါးမျိုးစုံ ဆေးပြားစုစုပေါင်း သိန်း ၁၄၀၀ ပြားကျော်၊ ဘိန်းဖြူ ၂၈၆ ကီလိုကျော်၊ အိုက်စ် ၄၄၀ ကီလိုကျော် အပါအဝင် မူးယစ် ဆေးဝါးများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၄ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် မူးယစ်ဆေးဝါးရိုက်စက် များ၊ ဆေးပြားရိုက်တံများ ကာလတန်ဖိုး ၁ ဘီလီယံကျော် တန်ဖိုးရှိ ဆက်စပ်ပစ္စည်း ၂၄၉ မျိုးကို မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေးပြုလုပ်၍ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိမှုသည် အရှေ့တောင်အာရှဒေသအတွင်း ပမာဏအများဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးတိုက်ဖျက်ခဲ့သည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

.

၂၀၂၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်းအနေဖြင့် ဘိန်းဖြူ ၉၃၀ ကီလိုကျော်၊ ဘိန်းစိမ်း ၂၄၀၀ ကီလိုကျော်၊ ဘိန်းမဲ ၃ ကီလိုကျော်၊ ဆေးခြောက် ၃၅၀ ကီလိုကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၂၅၀၀ ကျော်၊ အိုက်စ် ၁၁၀၀ ကီလိုကျော်၊ အခြားဆက်စပ်ပစ္စည်းများ ၄၇၀၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ်  ၈၇၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို တပ်မတော်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၁၄၀ ကျော်၊ အိုက်စ် ၁၆၀၀ ကီလိုကျော်၊  စုစုပေါင်း ငွေကျပ်  ၁၄၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ သိန်းကျော်၊ အိုက်စ် ၁၃၀၀ ကီလို ကျော်၊  စုစုပေါင်း ငွေကျပ်  ၇၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဘိန်းဖြူ ၅၀၀ ကီလိုကျော်၊ ဘိန်းစိမ်း ၁၈၀ ကီလိုကျော်၊   စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းကျော်၊ အိုက်စ် ၂၃၀၀ ကီလိုကျော်၊  အခြား ဆက်စပ်ပစ္စည်းများ ၂၂၀၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၂၁၀ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများကိုလည်းကောင်း  အသီးသီး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရ*သည်။

.

၂၀၂၀ ပြည့်နှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ဖမ်းဆီးရမိမှု အနေဖြင့် ဘိန်းဖြူ ၁၄၃၈ ကီလိုကျော်၊ ဘိန်းစိမ်း ၂၅၈၅ ကီလိုကျော်၊ ဘိန်းမဲ ၃ ကီလိုကျော်၊ ဆေးခြောက် ၃၅၃ ကီလို ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၉၀၀ ကျော်၊ အိုက်စ် ၁၆၈၉၁ ကီလို ကျော်၊ အခြားဆက်စပ်ပစ္စည်းများ ၆၉၈၁၂ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးတိုက်ဖျက် နိုင်ခဲ့ပြီး ဘိန်းခင်း ၉၄၅၆ ဧက ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို စစ်ဆင်ရေးတစ်ရပ် သဖွယ် အလေးထား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats