.
“ စုစုပေါင်း ၅၀ စာအတွက် လှူဒါန်းခဲ့ပါတယ်။ ပိုးတွေ့သူတွေရော၊ မိသားစုဝင်တွေ အတွက်ရော အကုန် လှူတာပါ။ လှူတာက ဆန်၊ ဆီ၊ ဆား၊ ရေသန့်၊ အချိုရည်၊ လက်သန့်ဆေး စုစုပေါင်း ၆ မျိုး ပါဝင်ပါတယ်။ သီးသန့်ရဲစခန်းကိုလည်း ညနေမှာ လှူဖို့ ရှိပါမယ်။ စုစုပေါင်း အိမ်ထောင်စု ၁၅၅ အတွက် ဖြစ်ပါတယ်။”ဟု ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ဦးသူရစောသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ COVID-19 ပိုးတွေ့သူများနှင့် ထိတွေ့၊ ဆက်စပ်မှု ရှိခြင်းကြောင့် အသွားအလာ ကန့်သတ်ခြင်း ခံထားရသည့် ပြည်နယ်အကူ တပ်ဖွဲ့ခွဲမှူးရုံး (သီးသန့်ရဲစခန်း)မှ အိမ်ထောင်စု ၁၃၅ ကိုလည်း ယနေ့ ညနေပိုင်းတွင် ဆက်လက်လှူဒါန်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ဝင်/မိသားစုဝင် ၂၂ ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့သဖြင့် အဆိုပါရုံးနှင့် ပြည်နယ်အကူ တပ်ဖွဲ့ခွဲမှူးရုံးတို့အား အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။