COVID-19 အတည်ပြုလူနာ အသစ် ၅၉၄ ဦး (ရှမ်း​တောင်မှ ၃ ဦး ပါ) တွေ့ရှိ၍ ​သေဆုံးသူ ၁၄ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

COVID-19 အတည်ပြုလူနာ အသစ် ၅၉၄ ဦး (ရှမ်း​တောင်မှ ၃ ဦး ပါ) တွေ့ရှိ၍ ​သေဆုံးသူ ၁၄ ဦး ထပ်တိုး

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၅၉၄ ဦး  (ရှမ်း​တောင်မှ ၃ ဦး ပါ) တွေ့ရှိပြီး ​ထပ်မံ သေဆုံးသူ ၁၄ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဇန်နဝါရီလ ၇ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။

.



ရှမ်းပြည်နယ်​တောင်ပိုင်းတွင် ဇန်နဝါရီလ ၆ ရက်၊ ​နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၇ ရက် ​နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ​​​တောင်ကြီးမြို့နယ်၌ ၂ ဦး၊ ရပ်​စောက်မြို့နယ်၌ ၁ ဦး၊ စုစု​ပေါင်း ၃ ဦးတွင် COVID-19 ပိုး​တွေ့ခဲ့​ကြောင်း ရှမ်းပြည်နယ် ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

.

ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၂၃၇ ခုတွင် COVID-19 ပိုး မတွေ့ (မ​တွေ့)ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။

.

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (​ဇန်ဝါရီလ ၇ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၂၈၇၇၂ ဦး ရှိကာ၊ ယင်းအနက် ၂၇၉၉ ဦး သေဆုံး၍ ၁၁၂၀၄၈ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats