နန့်ပန်တတ် စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးထံမှ COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နန့်ပန်တတ် စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးထံမှ COVID-19 ပိုး တွေ့ရှိ

စုလှိုင်

.

ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယနေ့ ဇန်နဝါရီလ ၉ ရက်က ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.



.

ဒီနေ့ ပိုးတွေ့တာ ၂ ဦး ရှိသွားပါပြီ။ သူတို့က မန္တလေးကနေ တောင်ကြီး ကိုသွားကြမှာပါ” ဟု နန့်ပန်တက် စစ်ဆေးရေးဂိတ် တာဝန်ကျ ကလောမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာ စောမြတ်သစ္စာ က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ COVID-19 ပိုးတွေ့ရှိခဲ့သော အမျိုးသား ၂ ဦး သည် မန္တလေးမြို့မှ တောင်ကြီးမြို့သို့သွားရောက်မည့် ကုန်တင်ယာဉ်မှ အသက် ၂၇ နှစ် အရွယ် ယာဉ်နောက်လိုက်နှင့် အသက် ၃၈ နှစ်အရွယ် ယာဉ်မောင်းတို့ဖြစ်ပြီး ကုန်တင်ယာဉ် တစ်စီးစီဖြင့် သီးခြားစီ လာရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းပိုးတွေ့လူနာများကို ကလောပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပေးသွားမည်ဖြစ်ပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကို ကလောမြို့ရှိ ဓမ္မယာန Quarantine Center သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats