COVID-19 အတည်ပြုလူနာ အသစ် ၅၆၆ ဦး (ရှမ်း​တောင်မှ ၁၅ ဦး ပါ) တွေ့ရှိ၍ ​သေဆုံးသူ ၁၄ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၅၆၆ ဦး (ရှမ်း​တောင်မှ ၁၅ ဦး ပါ) တွေ့ရှိ၍ ​သေဆုံးသူ ၁၄ ဦး ထပ်တိုး

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၅၆၆ ဦး  (ရှမ်း​တောင်မှ ၁၅ ဦး ပါ) တွေ့ရှိပြီး ​ထပ်မံ သေဆုံးသူ ၁၄ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဇန်နဝါရီလ ၉ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။

.



ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ရှမ်းပြည်နယ်​တောင်ပိုင်း ​တောင်ကြီးမြို့နယ်၌ ၈ ဦးတွင် COVID-19 ပိုးတွေ့ ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။

.

ထို့အတူ ရှမ်းပြည်နယ်​တောင်ပိုင်းတွင် ဇန်နဝါရီလ ၈ ရက်၊ ​နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၉ ရက် ​နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ​​​​တောင်ကြီးမြို့နယ်၌ ၅ ဦး၊ က​လောမြို့နယ်၌ ၁ ဦး၊ ရွာငံမြို့နယ်၌ ၁ ဦး၊ စုစု​ပေါင်း ၇ ဦးတွင် COVID-19 ပိုး​တွေ့ခဲ့​ကြောင်း ရှမ်းပြည်နယ် ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

.

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (​ဇန်ဝါရီလ ၉ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၃၀၀၄၉ ဦး ရှိကာ၊ ယင်းအနက် ၂၈၂၆ ဦး သေဆုံး၍ ၁၁၃၅၅၀ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats