COVID-19 ပိုး တွေ့ရှိခဲ့သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနက် ၁၉ ဦး ဆေးရုံမှ ဆင်းခွင့်ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုး တွေ့ရှိခဲ့သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနက် ၁၉ ဦး ဆေးရုံမှ ဆင်းခွင့်ရ

စုလှိုင်

.

တောင်ကြီးမြို့၊ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းတောင်)မှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင် ၂၂ ဦးအနက် ၁၉ ဦးသည် ‌ယနေ့ ဇန်နဝါရီလ ၈ ရက်၊ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်းသိရသည်။

.

.

“စဝ်စံထွန်းက ၁၉ ဦးလုံး အကုန် ဆင်းခွင့်ရပါပြီ။ အခု တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှာ Quarantine ဝင်နေပါပြီ” ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးထွန်းနိုင်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ပိုးတွေ့လူနာ ၂၂ ဦးအနက် စဝ်စံထွန်းဆေးရုံတွင် တက်ရောက်‌ဆေးကုသမှုခံယူနေသော ၁၉ ဦး ဆေးရုံ ဆင်းခွင့်ရပြီး အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော ၃ ဦးသာ ဆက်လက် ဆေးကုသမှု ခံယူနေခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အတူ စဝ်စံထွန်းဆေးရုံအုပ် ဒေါက်တာ ဒေါ်ဝေဝေမွန် ကလည်း “ဟုတ်ပါတယ်။ တော်တော်များများ ဆေးရုံဆင်း သွားပါပြီ” ဟု အတည်ပြုပြောဆိုခဲ့သည်။

.

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနက် အနံ့ပျောက်သူများရှိကြောင်း သတင်းအရ  ဒီဇင်ဘာလ ၃၀ ရက်တွင် RDT Test Kit ဖြင့် တပ်ဖွဲ့ဝင် ၁၃၃ ဦးအား သွားရောက်စစ်ဆေးပေးရာမှ ပိုးတွေ့လူနာ ၂၂ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.



Journal Download

Photo of three cats