COVID-19 အတည်ပြုလူနာ အသစ် ၄၇၇ ဦး တွေ့ရှိ၍ သေဆုံးသူ ၁၈ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

COVID-19 အတည်ပြုလူနာ အသစ် ၄၇၇ ဦး တွေ့ရှိ၍ သေဆုံးသူ ၁၈ ဦး ထပ်တိုး

ကမ္ဘောဇတိုင်း

.

COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၄၇၇ ဦး တွေ့ရှိပြီး ထပ်မံ သေဆုံးသူ ၁၈  ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၁၈ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။

.

.

ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၂၉၀ ခုအနက် မိုင်းယောင်းမြို့တွင် အသွားအလာ ကန့်သတ်ထားသူ ၄ ဦးနှင့် တောင်ကြီးမြို့၊ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) တွင် အသွားအလာကန့်သတ်ထားသူတစ်ဦး၊ စုစုပေါင်း  ၅ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး) မှ ထုတ်ပြန်ထားသည်။

.

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (ဇန်ဝါရီလ ၁၈ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၃၄၇၉၅ ဦး ရှိကာ၊ ယင်းအနက် ၂၉၇၃ ဦး သေဆုံး၍ ၁၁၈၂၀၀ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats