COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၇၁၁ ဦး (ရှမ်းတောင်မှ ၁၁ ဦး ပါ) တွေ့ရှိပြီး ထပ်မံ သေဆုံးသူ ၁၃ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီလ ၈ ရက်)၊ ည ၈ နာရီက ထုတ်ပြန်ချက်အရ သိရသည်။
.
ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၌ ၂ ဦး၊ တီကျစ်မြို့၌ ၁ ဦး၊ ဟဲဟိုးမြို့၌ ၁ ဦး၊ ပေါင်း ၄ ဦးနှင့် ကယားပြည်နယ်၌ ၂ ဦးတွင် COVID-19 ပိုးတွေ့ ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။
.
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဇန်နဝါရီလ ၇ ရက်၊ နေ့လယ် ၁၁ နာရီမှ ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ကလောမြို့နယ်၌ ၂ ဦး၊ ရပ်စောက်မြို့နယ်၌ ၅ ဦး၊ စုစုပေါင်း ၇ ဦးတွင် COVID-19 ပိုးတွေ့ခဲ့ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှ ယနေ့ (ဇန်ဝါရီလ ၈ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၂၉၄၈၃ ဦး ရှိကာ၊ ယင်းအနက် ၂၈၁၂ ဦး သေဆုံး၍ ၁၁၂၈၇၆ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။