တောင်ကြီးမြို့မဈေးအတွင်း ဈေးရောင်းချသူတစ်ဦးထံမှ COVID-19 ပိုး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မဈေးအတွင်း ဈေးရောင်းချသူတစ်ဦးထံမှ COVID-19 ပိုး တွေ့

စုလှိုင်

.

တောင်ကြီးမြို့မဈေးအတွင်း သစ်သီးရောင်းချသူ အမျိုးသားတစ်ဦးထံမှ ယနေ့ ဇန်နဝါရီလ ၇ ရက်က COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ ပိုးတွေ့လူနာ အမျိုးသားသည် ယမန်နေ့ ဇန်နဝါရီလ ၆ ရက်က အနံ့မရသဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ သို့ သွားရောက်၍ ဆေးကုသမှုခံယူပြီး ဓါတ်ခွဲနမူနာ ရယူစစ်ဆေးမှု ခံယူရာမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ထံက သိရသည်။

.

“အခုလောလောဆယ် သူနဲ့ ဆက်စပ်သူတွေ၊ သစ်သီးပွဲရုံတွေကို လိုက်နေပါတယ်” ဟု ဦးသန်းရွှေက ပြောသည်။

.

ယင်းပိုးတွေ့လူနာ အမျိုးသား၏ မိသားစုဝင် ၅ ဦးအား တောင်ကြီးမြို့၊ အထက (၁) Quarantine Center သို့ ပို့ဆောင် ထားပြီး ကျန် ဆက်စပ်သူများကိုလည်း ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats